News

POST TAGGED AS

ကျည်ဆန်များ

ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် နဝဒေးလမ်းပေါ်တွင် မေလ ၁၃ ရက် နံနက် ၅ နာရီခန့်က ပိုင်ရှင်မဲ့ကျည်ဆန်မျိုးစုံ ၈၀ ကျော်နှင့် ကျည်ခွံမျိုးစုံ ၃၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပဲခူးတိုင်း​ ပဲခူးမြို့နယ်​ ​ဆေးရုံအဝင်​လမ်းအနီး ရန်​ကုန်​-မန္တ​လေး လမ်း​ဟောင်းပေါ်ရှိ လမ်းဆုံ၌ ဧပြီလ ၃ ရက်​​နေ့ညနေပိုင်းက မီးပွိုင့်တပ်​ဆင်​ရန်​ ​မြေတူး​ဖော်​ရာမှ ၉ မမ ကျည်​ဆန် ၁၅၀ ကို တွေ့ရှိကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရသည်။
ပုသိမ် - မုံရွာလမ်းပေါ်တွင် လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးက ကျည်ဆန်များထည့်ထားသည့်အထုပ်ကို တွေ့ရှိကောက်ရခဲ့သည့်အတွက် နယ်မြေခံစစ်တပ်ထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က အပ်နှံခဲ့ကြောင်း အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။
05-Feb-2018 tagged as ကျည်ဆန်များ
ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က တပ်မတော်အပေါ် သပ်လျှိုသွေးခွဲနေသူများကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်နေစဉ် ကျည်ဆန်တစ်ရာကျော်ပါ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။