News

POST TAGGED AS

ကလေး

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ်အတွင်းရှိ နောင်ယန်းအင်း (ပြန်လမ်းမဲ့ရေအိုင်) ဟု ကျော်ကြားသည့်အင်းသို့ ပွဲတော်ကာလ လာရောက်လည်ပတ်သူများပြားကြောင်း နန်းယွန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ဝန်းရွာတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် မြေအက်ကြောင်းသည် ဆက်လက်မြေနိမ့်ဆင်းလျက်ရှိနေပြီး ရွာမှနေအိမ်အချို့ ရွှေ့ပြောင်းနေရကြောင်း ညောင်ပင်ဝန်းရွာဒေသခံများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့အနီးတို့တွင် တည်ဆောက်လျက်ရှိသော ချင်းတွင်းမြစ်ကူးတံတားနှစ်စင်းကို လာမည့်မတ်လအကုန် ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။
18-Jan-2018 tagged as ကလေး
ကလေးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ခိုငှက်များပျံသန်းရင်း အစု လိုက်၊ အပြုံလိုက်ပြုတ်ကျသေဆုံးခဲ့ခြင်းမှာ အဆိပ်ခတ်ထားသည့်အစာများကို စားမိသောကြောင့်ဖြစ်ကြောင်း ကလေး မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မှိန်းထန်ဇီးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် “ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းတွင် လူမျိုးအမည် ကုတ်နံပါတ်ရရှိရေး အဆို”ကို မကွေးတိုင်းလွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့သည်။
04-Jan-2018 tagged as ပညာရေး ကလေး
စင်စစ်ကျောင်းထွက်သွားရသည့် ကလေးများ၊ ကျောင်းနေခွင့် မရနိုင်သေးသည့် ကလေးများတွင် အပြစ်မရှိပေ။ ယင်းကလေးများသည် ကျောင်း၊ နေအိမ်တွင် ဆော့ကစားနေရမည့်အရွယ်ဖြစ်ရာ ကျောင်းကြိုပို့ကားများမြင်တိုင်း၊ အဖြူအစိမ်း ကျောင်းဝတ်စုံမြင်တိုင်း စိတ်ဒဏ်ရာ တစ်ခုမဟုတ်တစ်ခု ရနေမည်သာ ဖြစ်သည်။
ချင်းတွင်းမြစ်ရေကျပြီး သောင်ဖြစ်ထွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ခန္တီးမြို့အကြား ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအနေနှင့် သွားလာရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ရေယာဉ်မောင်းနှင်သူများထံမှ သိရသည်။
မိုးရာသီကာလတွင် မော်တော်ယာဉ်များ သွားလာရအလွန်ခက်ခဲပြီး ပွင့်လင်းရာသီ၌သာ သွားလာနိုင်သည့် မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို အိန္ဒိယနိုင်ငံက ၂ နှစ်ခွဲအတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လမ်းဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဦးက ပြောကြားသည်။
ကလေးဆိုသည်မှာ အရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့သာ ကစားရမည်ဆိုခြင်းကို ဖင်လန်နိုင်ငံတွင် စတင်တော်လှန်နေကြပြီ ဖြစ်သည်။ တောထဲသွားရမှာ ပျင်းတယ်ဟုပြောသည့် ကလေးတစ်ယောက်မှမရှိ။ ဆရာမ ပီလိုက “ဆောင်းတွင်းရောက်လာရင်တောင် တစ်ခါတလေ ကျွန်မတို့ နှင်းတွေကို ထွက်ကြည့်ကြတယ်”ဟု ပြောပြသည်။ နှင်းတွေနှင့် ပေါက်ကစားကြရသည့် အတွေ့အကြုံကိုလည်း ကလေးတွေက နှစ်သက်ကြသည်။
24-Dec-2017 tagged as ကလေး
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် ကလေးဝမြို့ကို ဆက်သွယ် ဖောက်လုပ်ထားသည့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းဖြောင့်သည့် စီမံကိန်းကြောင့် မြေယာဆုံးရှုံးသည့် တောင်သူများကို မြေယာလျော်ကြေး ပေးအပ်ခဲ့ကြောင်း တမူးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောကြားသည်။