News

POST TAGGED AS

ကလေးမြို့

05-Feb-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ ကျန်းမာချမ်းသာ သောက်ရေသန့်စက်ရုံကို စက်ရုံတွင် ရှိရမည့် အဆောက်အအုံပုံစံနှင့် မကိုက်ညီသဖြင့် ထုတ်လုပ်မှု ယာယီပိတ်သိမ်းထားကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာကောင်းထက်ဦးက ပြောကြားသည်။
24-Jan-2017 tagged as ဆရာ ကလေးမြို့
ကချင်ပြည်နယ် ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာတွင် အသတ်ခံခဲ့ရသည့် ကျောင်းဆရာ၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့နိုင်ရန် ကလေးမြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် စတင်အလှူခံနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ (ကလေးမြို့) မှ ဥက္ကဋ္ဌ ဦးညီညီထွေးက ပြောကြားသည်။
25-Dec-2016 tagged as ကလေးမြို့
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ကလေးဝ မြို့နယ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြင်သစ်နိုင်ငံမှ ပညာရှင်များက ဇန်နဝါရီလ ပထမပတ်တွင် လာရောက်လေ့လာမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန်းထိုက်က ပြောကြားသည်။
22-Dec-2016 tagged as ကလေးမြို့
ချင်းမျိုးနွယ်စု အရေအတွက်ကို အစိုးရ အဆက်ဆက်က ၅၃ မျိုး ရှိသည်ဟု သတ်မှတ်ခဲ့သည့်အပေါ် အမှန်တကယ်ရှိသော ချင်းမျိုးနွယ်စု စာရင်း ရရှိရေးအတွက် လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ရာ ချင်းမျိုးနွယ်စု ၅၁ စုအထိ ရရှိခဲ့ကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေမှုး (၂) ဆလိုင်းအောင်းမင်းလှိုင်က ပြောကြားသည်။
"လိုင်စင်မရှိတဲ့အတွက် ဖျက်သိမ်းရမှာပါ။ အောက်တိုဘာလကိုတော့ ပညာပေးကာလအဖြစ် သတ်မှတ်ထားပါတယ်။ဒီလကုန် နောက်လထဲ ရောက်ရင်တော့မောင်းနေတာ တွေ့တာနဲ့ သိမ်းဆည်းသွားမှာပါ"
"ဒီလမ်းက ရိဒ်ခေါဒါရ်မြို့နဲ့ ထန်တလန်နယ်စပ်မှာရှိတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး သွားလာမှု အတွက် တစ်ခုတည်းသော ဖြတ်သန်းသွားလာရတဲ့ နေရာဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ အလျောက် ဥပဒေအရ တားမြစ်ထားတဲ့ ပစ္စည်းတွေ သယ်ယူရောင်းဝယ်မှု မပြုလုပ်နိုင်ဖို့ ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးရတာဖြစ်ပါတယ်။ ဒီနေ့က စပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားတော့မှာပါ"