News

POST TAGGED AS

ကလေးမြို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်မှ ယခုနှစ် မိုးရာသီကာလ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ဧက ၃၄၀ဝ ကျော် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့သော်လည်း သတ်မှတ်ချက်ကို မပြည့်မီသေးကြောင်း ကလေးခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမော်မော်နိုင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခန့်က ကားတစ်စီးဘရိတ်ပေါက် တိမ်းမှောက်ရာမှ ယာဉ်မောင်း အပါအဝင် လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရကြောင်း စခန်းကြီးနယ်မြေရဲစခန်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများ လျော်ကြေး ပြန်လည်ရရှိရေး တောင်သူများက တောင်းဆိုထားကြောင်း ကူညီဆောင်ရွက်ပေးသည့် အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ မသန်စွမ်း မထူးထူးမွန်ကို ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ဘွဲ့ရသည်အထိ ငွေကြေးထောက်ပံ့မှု ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည့်အတွက် လူဦးရေ တစ်သောင်းနီးပါးမှာ ရေဘေးဒဏ်သင့်သည့်အတွက် ရေလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး ဆက်သွယ်သွားလာရေးမှာ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တောင်ကျချောင်းရေ ကျဆင်းလာပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နှင့် ခိုင်ကမ်းမြို့အကြား ဆက်သွယ် သွားလာရသည့် ကားလမ်း ယနေ့(စက်တင်ဘာ ၁၈ ရက်) မွန်းလွဲ ၂ နာရီကျော်က လမ်းပြန်ပွင့်သွားပြီဖြစ်ကြောင်း ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။
22-Jul-2017 tagged as ကလေးမြို့
ကလေးမြို့အတွင်း ဆေးဆိုင်များကို တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးရာမှ လိုင်စင်မရှိဘဲ ဆေးရောင်းနေသည့် ဆေးဆိုင် ၅ ဆိုင် တွေ့ရှိရကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်ဒုဥက္ကဋ္ဌ ဒေါက်တာဦးကောင်းထက်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျင်းပပြုလုပ်မည့် နှစ် (၇၀) မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ကြေးရုပ်တုရှိသည့် ကွင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပမည်ဖြစ်ကြောင်း ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောကြားသည်။
01-Jul-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အတွင်းရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သောက်သုံးရေ ရှားပါးမှုကြောင့် ကျောင်းသားကျောင်းသူများ အခက်တွေ့နေရမှုအပေါ် ဖြေရှင်းပေးရန် ကလေးခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့မှ စာတင်တောင်းဆိုခဲ့ကြောင်း ကလေးခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုစိုးထိုက်က ပြောသည်။