News

POST TAGGED AS

ကလေးမြို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ကုန်စည်တင်ပို့နေသည့် ကုန်တင်ယာဉ်ကြီးများအနေနှင့် မြို့အတွင်းလှည့်လည်၍ ကုန်စည်ချထားခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။
တိုင်းရင်းသားများအနေနှင့် မှတ်ပုံတင်ပြုလုပ်ရာတွင် ကိုယ်ရေးအချက်အလက်များကို တိုင်းရင်းသားအက္ခရာများဖြင့် ထည့်သွင်းရေးသားနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်း လုံခြုံရေးအတွက် ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ လူငယ်တစ်ရာကျော်သည် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ညဘက်တွင် ကင်းလှည့်နေကြောင်း ဇိုမီးလူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ခံကြီးကြပ်ရေးမှူး ဦးဝုန်ဇခုပ်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာ စိုက်ပျိုးရေရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် လယ်ယာစိုက်ပျိုးရေးတွင် အသုံး ပြုနိုင်သည့် ရေတွင်းပေါင်း ၇၀ တူးဖော် ပေးမည်ဖြစ်ကြောင်း ကလေးခရိုင် လက် ထောက်ညွန်ကြားရေးမှူး (ရေအရင်း အမြစ်) ဦးအောင်နိုင်ထွန်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်တွင် ဒုတိယတန်းကျောင်းသား မျက်နှာ ကို လက်သည်းဖြင့် ဆိတ်ဆွဲခဲ့သည့် ဆရာမကို မူလရာထူးမှ ရာထူးလျှော့ချကာ ကျောင်းပြောင်းရွှေ့ခဲ့ကြောင်း အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ) မှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ကုန်ကျစရိတ်ကို ရပ်ကွက်ကျေးရွာ ရုံးများအတွက် အသုံးပြုသည့် ရုံးသုံးစရိတ်ဖြင့် အသုံးပြုမည်ဖြစ်ကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းချိန်ကာလတွင် ဝယ်ယူသူမရှိသလောက် နည်းပါးခြင်းနှင့် စပါးဈေးနှုန်းကျဆင်းခြင်းတို့ ကြုံတွေ့နေရကြောင်း မိုးစပါး စိုက်တောင်သူများက ပြောကြားသည်။
07-Dec-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးမြို့ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ)တွင် ပညာသင်ကြားနေသော ၂ တန်းကျောင်းသား၏ မျက်နှာတွင် လက်သည်းကုတ်ခြစ်ဒဏ်ရာရသဖြင့် သင်ကြားပေးသော ဆရာမကို စာသင်ကြားခွင့် ယာယီ ရပ်ဆိုင်းထားကြောင်း အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ) တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က ပြောသည်။
19-Nov-2017 tagged as ကလေးမြို့
ချင်းပြည်နယ် မတူပီမြို့မှ ၁၂ မိုင်ခန့်အကွာရှိ ဘုံတလာရေတံခွန်သို့ ရေချိုးသွားသည့် လူငယ်တစ်ဦး နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ရေစီးနှင့်မျောပါကာ တောင်အောက်သို့ ပြုတ်ကျပျောက်ဆုံးနေသဖြင့် မတူပီမြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူငယ်များ စုပေါင်း ရှာဖွေနေရာ ယနေ့(နိုဝင်ဘာ ၁၉ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်အထိ မတွေ့ရှိသေးကြောင်း ရှာဖွေသူများက ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဆက်သွယ်ထားသည့် ကလေး- ဖလမ်း- ဟားခါးလမ်း အဆင့်မြှင့်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမှု ရုပ်သိမ်းရန် စီစဉ်နေမှုကို ကန့်ကွက်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအိုးက ပြောကြားသည်။