News

POST TAGGED AS

ကလေးမြို့

16-Jun-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအနက် ဆေးဆိုင် ၁၂ ဆိုင်တွင် သက်တမ်းလွန်ဆေးဝါးနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများကို ဇွန်လ ၁၄ ရက် နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်ဒုဥက္ကဋ္ဌ ဒေါက်တာဦးကောင်းထက်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဖက်သင်တောရွာနေ ဒေါ်စန်းကို မူးယစ်ဆေးဝါး ရောင်းချသည်ဆိုကာ ငွေ ၁၇ သိန်း တောင်းယူခဲ့သည့် သစ်တောရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း ပင်လည်ဘူး မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသောင်းဌေးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားဆေးအရောင်းဆိုင် ၆ ဆိုင်မှ သက်တမ်းလွန်ဆေးဝါးနှင့် မှတ်ပုံမတင်ထားသောဆေးဝါးများကို မေလ ၁၁ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်ဒုဥက္ကဋ္ဌ ဒေါက်တာ ဦးကောင်းထက်ဦးက ပြောကြားသည်။
08-May-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကလေး-ကလေးဝမြို့ အကြား ကလေးမြို့အဝင် ကားလမ်း လမ်းဘေးဝဲယာရှိ သစ်ပင်ကြီး ငါးရာကျော်ကို ခုတ်လှဲကာ ကားလမ်းတိုးချဲ့ တည်ဆောက်မည်ကို ကန့်ကွက်ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
ကလေးမြို့နယ် ရှားတောကျေးရွာအနီးတွင် မပေါက်ကွဲသေးသည့် ဗုံးသီးနှစ်လုံးကို ရေမြောင်းအတွင်းမှ ကောက်ယူရရှိခဲ့ကြောင်း ရှားတောကျေးရွာ တာဝန်ခံ ဦးဇုန်းလွယ်က ပြောကြားသည်။
25-Mar-2017 tagged as ကလေးမြို့
စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ (မတ်လ ၂၅ ရက်) မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ကျော်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် မြို့ပေါ် အပါအဝင် ကျေးရွာအချို့မှ နေအိမ် ၁၀ဝ ကျော် ပျက်စီးခဲ့ကြောင်း ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
25-Feb-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်း တရားမဝင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်နေသည့် ကံကောင်းခြင်း ရတနာကုမ္ပဏီ (Mandalay Mining) ကို ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။
19-Feb-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေမုဋ္ဌော ဘုရားပွဲတွင် နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လှေလှော်ပြိုင်ပွဲကို ပြန်လည်ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း လှေလှော်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဇော်မိုးက The Voice သို့ ပြောကြားသည်။
18-Feb-2017 tagged as ကလေးမြို့
(၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်လေးမြို့ ပူးပေါင်းကာ ကလေးမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်လောင်ထန်းက ပြောကြားသည်။
11-Feb-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အတွင်းရှိ နေရဉ္ဇရာချောင်းတွင် ၂၀၁၆ ခုနှစ် မိုးရာသီအတွင်းက ကမ်းပါးများ ပြိုကျရာမှ အရှည်ပေ ၁၀၀ ကျော်ရှိ ရှေ့ဟောင်းလက်ရာ အုတ်ရိုးတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။