News

POST TAGGED AS

ကလေးသူငယ်

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီးရှိ ကျောက်ထုတ်စခန်း၌ အကြွေးမပေးဘဲ မိဘထွက်ပြေးသဖြင့် အလုပ်သမားခေါင်းက ကလေးနှစ်ဦးကို ရိုက်နှက်ရာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ၇ နှစ်အရွယ် ကလေး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး ဒဏ်ရာများ ရရှိခဲ့ကြောင်း မိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ဆိုင်က ပြောကြားသည်။
21-Sep-2017 tagged as ကလေးသူငယ်
“ဒါတွေကိုမသိလို့ မြန်မာနိုင်ငံက ကလေးတွေက နိုင်ငံတကာနဲ့ယှဉ်ရင် နောက်ကျကျန်ခဲ့တယ်”
19-Sep-2017 tagged as ကလေးသူငယ်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ အောင်ဗောဓိ ဘုရားဝင်းအတွင်းရှိ အစ်မတော်မြနန်းနွယ် နတ်နန်းအဆောင်တွင် ထားရှိသော အလှူခံပုံးအတွင်းမှ ငွေသုံးရာကျပ် ခိုးယူသည်ဟုဆိုသော အသက် ၁၀ နှစ် မှ ၁၄ နှစ်ကြားရှိ ကျောင်းသားကလေးငယ် သုံးဦးကို ဖမ်းဆီးပြီး လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကလေးသူငယ်များနှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေရသည့် ဆရာများကို လာမည့်နွေရာသီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ သီတင်းတစ်ပတ်ကြာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ဥက္ကဋ္ဌ ဦးအာကာစိုးအောင်က ပြောကြားသည်။
မန္တလေးမြို့တော်တွင် တောင်းရမ်းစားသောက်နေသော ကလေးငယ်များ ပပျောက်ရေးအတွက် စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။
17-Jul-2017 tagged as ကလေးသူငယ်
ရန်ကုန်မြို့ အပါအဝင် နိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ကိုယ်ကျိုးစီးပွားအတွက် ကလေးငယ်များကို တောင်းရမ်းရန် စေခိုင်းသူကို အမြင့်ဆုံးပြစ်ဒဏ် ငါးနှစ်နှင့်ဒဏ်ငွေ ခုနစ်သိန်းမှ ၁၅ သိန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရူပါမြက ပြောကြားသည်။
12-Jun-2017 tagged as ကလေးသူငယ်
မြန်မာနိုင်ငံအနှံ့တွင် တောင်းရမ်း စားသောက်နေသော ကလေးငယ်များအား စေခိုင်းသည့်လူများကို ထောင်ဒဏ် တိုးမြှင့်အရေးယူနိုင်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် အခွင့်အရေးဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
31-May-2017 tagged as ကလေးသူငယ်
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ကလေးဘဝဆုံးရှုံးနေပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၁၁၂ ၌ ရပ်တည်လျက်ရှိကြောင်း Save the Children က ထုတ်ဝေသည့် နိုင်ငံတကာ စာတမ်းတွင် ဖော်ပြထားသည်။
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ စတိုးဆိုင်တစ်ဆိုင်တွင် ဆိုင်အကူ ကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် ဆိုင်ရှင် အမျိုးသမီးကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
09-Dec-2016 tagged as ကလေးသူငယ်
မြန်မာ့ကလေးသူငယ်များ၏ အခွင့်အရေးကို အလေးထားပြီး အစိုးရက ဖော်ဆောင်ပေးရန် ‘ကလေးများနှင့် သူတို့၏ လူ့အဖွဲ့အစည်းအား ဆန်းစစ်ခြင်း’ ဆွေးနွေးပွဲတက်ရောက်သူများကတောင်းဆိုလိုက်သည်။ယင်းပွဲကိုဒီဇင်ဘာလ၉ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်