News

POST TAGGED AS

ကလေးဝ

ကလေးဝတွင် ပေါက်ကွဲမှုဖြစ်ရာမှ ကလေးငယ်သုံးဦး ဒဏ်ရာရ
ကလေး၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၀ နှစ်အရွယ် ကလေးသုံးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့က မြက်ခင်းပြင်ပေါ်တွင် တွေ့ရှိရသော ဝါယာစပါသည့် လက်သန်းလုံးခန့် လုံးပတ်ရှိ အရှည် တစ်လက်မအရွယ်ရှိ ပစ္စည်းကိုယူဆောင်ပြီး ဝါယာကြိုးစကို ဘက်ထရီဖြင့် ရှော့ခ်တိုက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်သုံးဦးတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ကလေးဝမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းနိုင်က ပြောကြားသည်။

“ကလေးတွေလမ်းမှာ တွေ့တဲ့ပစ္စည်းတစ်ခုကို ကောက်ပြီး ဘက်ထရီနဲ့ ဝါယာရှော့ခ် တိုက်ရင်းကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရကြတာပေါ့။ မစိုးရိမ်ရပါဘူး”ဟု ၎င်းကဆိုသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းမှုများ ပြုလုပ်နေကြောင်း ကလေးဝ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-20



FOLLOW US