News

POST TAGGED AS

ကလေးငယ်

16-Aug-2017 tagged as ကလေးငယ်
မန္တလေးမြို့ပေါ် လူစည်ကားရာ နေရာများတွင် တောင်းရမ်းစားသောက်ရန် ကလေးများအား စေခိုင်းသူများကို ဩဂုတ်လ ၁၄ ရက်နေ့က ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်လိုက်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။
01-Aug-2017 tagged as ကလေးငယ်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်လုံးကြီးကျေးရွာတွင် ဆေးစွဲနေသည့် မိဘက သားသမီးလေးဦးကို ငွေကျပ်တစ်သိန်းဖြင့် ရောင်းချရန် စီစဉ်မှုကြောင့် ထွက်ပြေးလာသော ကလေးများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက The Voice သို့ ပြောဆိုသည်။
25-Jul-2017 tagged as ကလေးငယ်
အငြိမ်းစား ဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် အမှုလာရင်ဆိုင်သော အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာနယ်မှ ရန်ကုန်လာစဉ် ပျောက်ဆုံးခဲ့သည်မှာ ရက် ၂၀ ကြာခဲ့ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ ပြန်လည်မတွေ့ရှိသေးကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
ရန်ကင်းကလေးဆေရုံကြီးတွင် Green Environment နည်းပညာသုံး HP Latex Ink ဖြင့် ရိုက်နှိပ်ထားသည့် Wallpaper နှင့် Sticker များအား Xenon Company Limited မှ ပထမဆုံး အလှဆင် လှူဒါန်းသည့် အခမ်းအနားကို ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၁၀ နာရီတွင် ယင်းဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ယဉ်ကျေးမှု ပြတိုက်ဝင်းအတွင်း ကလေးများအတွက် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို လေ့လာထိန်းသိမ်းတတ်စေရန် ပထမဆုံး ကလေးသူငယ်များဆိုင်ရာ ပညာဖြန့်ဖြူးရေး (Child Education Centre) စင်တာကို ဇူလိုင် လကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ ယဉ်ကျေးမှုပြတိုက်ထံမှ သိရသည်။
မွေးကင်းစ ကလေးငယ်လေးတွေရဲ့ ပုံတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေ တွေ့ဖူးမှာပေါ့။ အဝေးရောက် ဆွေမျိုး၊ မိတ်ဆွေတွေကို အကြောင်းကြားဖို့၊ အသိပေးဖို့၊ လူမှုကွန်ရက်မှာ တင်ဖို့ ရိုက်ကူးကြတာပါ။ ဒါပေမဲ့ ဘယ်လိုအချက်တွေကို သတိထားရမယ် ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။ ကလေးငယ်တွေကို ဓာတ်ပုံမရိုက်သင့်တဲ့ အချက်များလို့ ဆိုပေမယ့် မရိုက်ရဘူးလို့တော့ မတားမြစ်ပါဘူး။ ရိုက်ဖို့လိုအပ်တဲ့အခါမှာ ဆင်ခြင်ဖို့လိုအပ်တဲ့ အချက်တွေကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှ ဆီးခုံချင်းဆက် အမွှာကလေးငယ် နှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။
05-Mar-2017 tagged as ကလေးငယ်
ကလေးတစ်ဦးနှင့်တစ်ဦး ဦးနှောက်ဖွံ့ဖြိုးမှုချင်း IQ ချင်း မတူညီနိုင်ပါ။ သို့ရာတွင် ခေတ်သစ်နည်းစနစ်များအရ ကလေးတစ်ဦးကို ပါရမီရှင်လေးများကဲ့သို့ တော်အောင် လေ့ကျင့်ပေးနိုင်ပါသည်။
16-Feb-2017 tagged as ကလေးငယ်
တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ စာဂလမ်းရှိ လူမနေသည့် တိုက်ခန်းတစ်ခုတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၀ နာရီက စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးအရှင်ကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။
12-Feb-2017 tagged as ကလေးငယ်
တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ်(က)ရပ်ကွက်၊ ဇောတိကလမ်းနှင့် ဇဋိလလမ်းကြားရှိ နောက်ဖေးလမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲ ၂ နာရီက ချက်ကြိုးတန်းလန်း ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် မွေးကင်းစ မိန်းကလေးငယ် တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။