News

POST TAGGED AS

ကလေးငယ်

ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန၊ ယူနီဆက်ဖ်နှင့် မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်အဖွဲ့ (MRTI) တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ Sakura Princess hotel ၌ ကလေးသူငယ် ဘေးကင်းလုံခြုံမှုရှိသော ခရီးသွားလုပ်ငန်းနှင့် ကလေးများအပေါ် စာနာနားလည်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေပွဲတစ်ရပ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့က ကျင်းပခဲ့သည်။
တရုတ်နိုင်ငံမှ ငယ်ရွယ်သူ ကလေးမိခင်တစ်ဦးသည် နေမကောင်းသော သမီးငယ်အတွက် ဆေးကုသစရိတ်ဖြေရှင်းရန် သူမ၏ မိခင်နို့ကိုလမ်းဘေးတွင် ရောင်းချနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်က သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးတည်း တီဗီကြည့်နေစဉ် အခန်းအတွင်းရှိ ပလပ်ခုံအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ် သေဆုံးသွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြည်နယ်နှင့်တိုင်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကမွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးများကို တိုးချဲ့ထောက်ပံ့ပေးနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ ပြုလုပ်မည့် အကြိမ်သုံးဆယ်မြောက် ငြိမ်းချမ်းရေးလိုလားသော အာဆီယံ - ပစိဖိတ် ကလေးများ တွေ့ဆုံပွဲသို့ မြန်မာကလေးငယ်များ အခမဲ့ပါဝင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းထံမှ သိရှိရသည်။
23-Jan-2018 tagged as ကလေးငယ်
“မကောင်းမြစ်ထာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ”ဆိုတာ လက်ဦးဆရာတွေမှာ တာဝန် ရှိတယ်။ နှိပ်ကွပ်လွန်းရင် မဖွံ့ထွားဘူးဆိုတာ မှတ်ထားကြစေချင်တယ်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ရုပ်သံမီဒီယာတစ်ခု ဖြေကြားခဲ့သော အောင်ကိုထွေးကို ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နေ့လယ်ပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် စွဲချက်တင် အမိန့်ချလိုက်ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားရုံးထံမှ သိရသည်။
ပြင်သစ် နို့ထွက်ပစ္စည်းကုမ္ပဏီထုတ် ကလေးနို့မှုန့်ပုံး ၁၂ သန်းကျော်ကို salmonella ပိုးကပ်ငြိကြောင်း သံသယရှိသောကြောင့် နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ပြန်လည်သိမ်းယူနေသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
05-Jan-2018 tagged as ကလေးငယ်
ကလေးဆိုတာ အားပေးဖို့လိုတယ်။ လေးဖက်သွားတဲ့အရွယ်၊ မတ်တတ်ရပ်တဲ့အရွယ် ဘောလုံးပဲပစ်ပစ်၊ မြေပေါ်မှာ စက်ဝိုင်းလေးတစ်ဝိုင်းပဲ ရေးရေး “တော်လိုက်တာ”ဆိုတဲ့ စကားလေးဟာ သူတို့အတွက် အားဆေးလေးပဲ။ သူတို့ကို အားပေးကြည့်လိုက် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်တော့ဘူးလို့ ထင်တာတွေဟာ အလိုလို ပြီးသွားတာ တွေ့ရလိမ့်မယ်။