News

POST TAGGED AS

ကလေးငယ်

နေပြည်တော် ပျဉ်းမနားခုတင် ၂၀၀ ဆံ့ ဆေးရုံကြီး၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ်ကို ဇွန်လ ၂၀ ရက်နေ့က မွေးဖွားခဲ့ကြောင်း ယင်းဆေးရုံထံမှသိရသည်။
ပြည်နယ်နှင့်တိုင်းများတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ရင်ခွင်မဲ့လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းထံမှ သိရသည်။
15-Jun-2018 tagged as ကလေးငယ် မိခင်
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၂ ရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာ အပိုင်း (၂)၊ မြသီတာ လမ်းသွယ်တွင် ဇွန်လ ၁၃ ရက် နံနက် ၉ နာရီခွဲက ၁၂ ရက်သား သမီးအရင်းဖြစ်သူကို ချီ၍ ဝရန်တာမှ ခုန်ချ၍ သေကြောင်းကြံစည်ခဲ့သော အမျိုးသမီးကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကမ္ဘာပေါ်ရှိကလေးငယ်အများစုသည် ကလေးငယ်ဘဝ ရုတ်တရက်နိဂုံးချုပ်ရမည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာကလေးငယ်များဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children က ထုတ်ဖော်သတိပေးလိုက် ကြောင်း DW သတင်းဌာနကရေးသား ဖော်ပြသည်။ ဥရောပဒေသရှိကလေးငယ်များမှာ အကောင်းဆုံးအခြေအနေနှင့် ရင်ဆိုင်ရသော်လည်း အာဖရိကဒေသမှ ကလေးငယ်များမှာမူ ကံဆိုးမိုးမှောင်အကျ ဆုံးအနေအထားတွင် ရှိသည်ဟုလည်း ဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ကွန်ဒတ်ဇ်ပြည်နယ်၌ ပေါ်ပေါက်ခဲ့သော လေကြောင်းထိုးစစ်တွင် ကလေးငယ် ၃၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၅၁ ဦးဒဏ်ရာရရှိသွားသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်က ဖော်ပြလာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာတွင် မေလ ၇ ရက်နေ့က ဗုံးသီးဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
မန္တလေးခရိုင် မြို့နယ်ခုနစ်ခုရှိ လမ်းပေါ်နေကလေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မတ်လ ၂၁ ရက် (ယနေ့) ကစ၍ တစ်ပတ်လျှင်နှစ်ကြိမ် လူမှုစစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
မိတ္ထီလာမြို့နယ် ကျီတော်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ရှိ ကျောက်စည်ပိုင်းအတွင်းသို့ အသက်တစ်နှစ်ခုနစ်လအရွယ် ကလေးငယ်တစ်ဦး မတ်လ ၁၇ ရက်နေ့က ပြုတ်ကျသေဆုံးခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်းတွင် မတ်လ ၅ ရက်မှ စတင်ကာ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်တွင်းရှိ မြို့နယ်များမှ အမျိုးသားများအပါအဝင် အယောက် ၄၀ တက်ရောက်ကြောင်း ယင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က ပြောကြားသည်။
28-Feb-2018 tagged as ကလေးငယ် တရုတ်
ဓာတ်လှေကားအတွင်း အပေါ့စွန့်သည့် ကလေးငယ်ဗီဒီယိုဖိုင်ကို တရုတ်နိုင်ငံပိုင် မီဒီယာကထုတ်ပြန်ခဲ့ပြီး မိဘများ ပိုမိုဂရုစိုက် ထိန်းကျောင်းရန် လိုအပ်ပုံကိုသတိပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။