News

POST TAGGED AS

ကိုသောင်း(ပညာရေး)

သတ်မှတ်အရည်အချင်း မကိုက်ညီတဲ့ မူလတန်းကျောင်းကို အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ခွင့်မရအောင် စိစစ်ရမှာက မြို့နယ်၊ ခရိုင်နဲ့ တိုင်းပညာတွေရဲ့ အလုပ် မဟုတ်လား။ အခုတော့ဗျာ...။ အလယ်တန်းကျောင်းအဆင့်တိုးပြီး ကျောင်းသားတွေအတွက် စာသင်ဆောင်တို့၊ ပရိဘောဂတို့မရှိမှတော့ ဘယ့်နှယ်လုပ်ကြမတုံး။
အခုတော့ဗျာ ...။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစလို့ လက်ရှိ ၂ဝ၁၈-၂၀၁၉ ပညာသင်နှစ်အထိ ဆိုတော့ကာ ...။ ပြန်ရှာပေးရမယ့် ချလန်တွေက ဘယ်နည်းပါ့မလဲ။ ဒီကြားထဲ မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေးဆိုပြီး ငွေသွင်းချလန်က နှစ်မျိုးခွဲထားတာဆိုတော့ ပိုရှုပ်ကုန်တာပေါ့။ မှတ်ပုံတင်ကြေးဆိုတာက စလုပ်တဲ့နှစ်မှာ တစ်ကြိမ်တည်း သွင်းရတာ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ချလန်စာရွက် အသိမ်းလွန်တော့ ရှာဖို့ခက်တော့တာပေါ့။
ဒါကြောင့် လူတိုင်းစာဖတ်ရမှာဖြစ်သလို ဆရာ၊ ဆရာမတွေက ပိုပြီးစာဖတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ အသက်မွေးနေကြတဲ့ ဆရာ၊ ဆရာမတွေက အခုထိတိုင်အောင် စာမဖတ်ဖြစ်ကြသေးဘူးဆိုရင်တော့ ရှေ့ဆက်ရမယ့်ခရီးလမ်းမှာ အခက်တွေ့နိုင်ပါတယ်။