News

POST TAGGED AS

ကိုဆွေဝင်း

22-Apr-2017 tagged as ကိုဆွေဝင်း
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို သာသနာ ညှိုးနွမ်းစေမှု မမြောက်သဖြင့် ဧပြီလ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးက အမှုပလပ်လိုက်ကြောင်း ကိုဆွေဝင်း၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားသည်။
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားသည်ဟုဆိုကာ အမှုဖွင့်ခြင်း ခံထားရသည့် Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲပေးရန် မဘသ အဖွဲ့က သာသနာရေး ဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ဆရာတော် ဦးဝီရသူကို ဥပဒေအရ အရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနထံ လိပ်မူပြီး စာရေးသား ပေးပို့တိုင်ကြားထားသော်လည်း မိမိအနေနှင့် တိုက်ရိုက် တရားစွဲဆိုသွားရန် မရှိကြောင်း ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြောကြားသည်။
31-Mar-2017 tagged as ကိုဆွေဝင်း
လူမှုကွန်ရက်ပေါ်တွင် ဦးဝီရသူအကြောင်း ရေးသားဖော်ပြခဲ့သဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) နယ်မြေရဲစခန်းက ဆင့်ခေါ်ထားကြောင်း ကိုဆွေဝင်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားသော ရဲစခန်း၏ အကြောင်းကြားစာအရ သိရသည်။
20-Mar-2017 tagged as ကိုဆွေဝင်း
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ခြိမ်းခြောက်ရန်ပြုရန် ကြံစည်ခဲ့သည်ဟု ဆိုသော အမျိုးသားသုံးဦးမှ ကိုထွန်းထွန်းဇော် ဆိုသူသည် မတ်လ ၁၈ ရက်နေ့က ရဲစခန်းသို့ လာရောက်အစစ်ဆေးခံခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။