News

POST TAGGED AS

ကိုရီးယား

ကမ္ဘာစစ်အတွင်းက လိင်ကျွန်ပြုမှုပြီးသွားပြီဟု ဂျပန်ကြေညာခွင့် မရှိကြောင်း တောင်ကိုရီးယားသမ္မတဆို

ဆိုးလ်၊ မတ် ၎

ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့အာရှအမျိုးသမီးများကို ဂျပန်စစ်တပ်က လိင်ကျွန်ပြုနှိပ်စက်ခဲ့ခြင်းကိစ္စကို တရားဝင် မတောင်းပန်ဘဲ သမိုင်းတွင်ဖြစ်ခဲ့သော ကိစ္စတစ်ရပ်ဟု ဂျပန်အနေနှင့် ကြေညာခွင့်မရှိကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။

အဆိုပါ အရေးကိစ္စနှင့်ပတ်သက်ပြီး တောင်းပန်ရန်နှင့် မှားယွင်းခဲ့မှုများကိုရင်ဆိုင်ရန် ဂျပန်ကို ကိုရီးယားသမ္မတက ဆော်ဩလိုက်သည်။

အမျိုးသားနေ့ ရုံးပိတ်ရက်ကာလ မိန့်ခွန်းတွင် တောင်ကိုရီးယားသမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ 

“ကျူးလွန်ခဲ့သူတွေအနေနဲ့ ဂျပန်အစိုးရဟာ ပြီးသွားခဲ့သည့် အကြောင်းအရာဟု မဆိုနိုင်ပါဘူး။ စစ်အတွင်းက  ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကို ပြီးပါပြီ ဆိုတဲ့အရာနဲ့ မရှင်းနိုင်ပါဘူး”ဟု မွန်းဂျေအင်းက ပြောကြားခဲ့သည်။ 

သမ္မတမွန်း၏ ပြောကြားချက်အပေါ် ဂျပန်အစိုးရကလည်း ပြန်လည် ပြစ်တင်တုံ့ပြန်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်စစ်သားများ၏ လိင်ကျွန်ပြုခြင်းကို ခံရသော အမျိုးသမီးများအတွက် တရားမျှတမှု အရေးနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့ အပြန်အလှန် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

မွန်းဂျေအင်းအာဏာမရခင်က တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟီးလက်ထက် ၂၀၁၅ တွင် တိုကျိုနှင့် ဆိုးလ်တို့ သဘောတူညီမှု ရရှိခဲ့ကာ ကိုရီးယားအနေနှင့် ထိုကိစ္စကို ထပ်မံ မပြောဆိုရန် ရလဒ်ရခဲ့သည်။

ဂျပန်ဘက်ကလည်း အဆိုပါ လိင်ကျွန်ပြုဒဏ်သင့် အသက်ရှင်ကျန် လွတ်မြောက်သူများအတွက် ဆောင်ရွက်ပေးနေသော ဖောင်ဒေးရှင်းသို့ အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ သန်း လှူဒါန်းပေးခဲ့သည်။ 

သဘောတူညီမှုကြောင့် တိုကျိုအနေနှင့် ဖြစ်ခဲ့သော ဖြစ်ရပ်များအတွက်  ဥပဒေအရ တာဝန်ယူရခြင်းကို ရှောင်လွှဲနိုင်ခဲ့ရာ လိင်ကျွန်ပြုခံခဲ့ရသူများက ဒေါသထွက်နေကြသည်။ 

လက်ရှိသမ္မတ အာဏာရလာပြီးနောက် အဆိုပါအဖြေကို လက်မခံနိုင်ဘူးဟု မွန်းဂျေအင်းက ဆိုထားကာ ဂျပန်အနေနှင့် တရားဝင် တောင်းပန်ရန် ပြောကြားထားသည်။

F-02



FOLLOW US