News

POST TAGGED AS

ကိုယ်ပိုင်ကျောင်း

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက် သာယာရွှေပြည်လမ်းရှိ ILBC ကျောင်း ကျောင်းကြို/ပို့ ကားများကြောင့် လမ်းပိတ်ဆို့မှုဖြစ်၍ သင့်တော်သည့်နေရာသို့ ပြောင်းရွှေ့ပေးရန် ယင်းရပ်ကွက်နေ ပြည်သူ ၄၀ဝ ကျော်က တောင်းဆိုကြောင်း တောင်းဆိုသူများကိုယ်စား ဦးဖေမြင့်က ပြောဆိုသည်။
ဖမ်းဆီးထားသော ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် တာဝန်ရှိသူများကို ဇူလိုင်လ ၂၈ ရက်နေ့တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။
ယခုနှစ် ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်ရရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ လျှောက်ထားသည့် ကျောင်း ၄၀ ခန့်ကို အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စစ်ဆေးလျက်ရှိပြီး ခွင့်ပြုမည့် ကျောင်းများစာရင်းကို ယခုမေလအတွင်း အပြီးထုတ်ပြန်မည်