News

POST TAGGED AS

ကုလသမဂ္ဂ

12-Sep-2017 tagged as ကုလသမဂ္ဂ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကြောင့်ဖြစ်နေသော တင်းမာမှုများသည် လတ်တလောနှစ်များအတွင်း ကမ္ဘာ့အဆိုးဆုံး အကျပ်အတည်းကြီး တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယိုဂူတာရီးစ်က သတိပေးပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် မတက်ကို အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဟု အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီအကြမ်းဖက်အုပ်စုနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပေါ်နေသော တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသည့်ကိစ္စကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
တောင်အမေရိကမှ ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရနှင့် အစိုးရ အတိုက်အခံ အင်အားစုများအကြား တင်းမာမှုအတွက် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာကြရန် ဗင်နီဇွဲလား ပြည်သူအားလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရီစ်က တိုက်တွန်းလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
24-Jul-2017 tagged as ကုလသမဂ္ဂ
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်သည့် အစီရင်ခံစာကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
10-Jul-2017 tagged as ကုလသမဂ္ဂ
မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင်လ ၁၀ ရက်) ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၄ ရက်တွင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ပြီး လားရှိုးအကျဉ်းထောင်နှင့် စစ်ဘေးရှောင်စခန်းများသို့ လေ့လာမည် ဖြစ်သည်။
13-Jan-2017 tagged as ကုလသမဂ္ဂ
ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဘင်္ဂါလီများနှင့် လွတ်လွတ်လပ် တွေ့ဆုံခွင့်ပြုရန် ပြည်နယ် အစိုးရထံ တောင်းဆိုကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးမင်းအောင်က ပြောကြားသည်။
ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော ဒေသအချို့သို့ သွားရောက်မည့် ကုလအထူး ကိုယ်စားလှယ်၏ ခရီးစဉ်အချို့ကို ပြည်နယ် အစိုးရအဖွဲ့က သွားရောက်ခွင့် မပြုခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
အမေရိကန် ပြည်ထောင်စုက ဗီတို အာဏာ အသုံးပြုရန် ငြင်းဆိုလိုက်ပြီးနောက် အစ္စရေး အခြေချနေရာများ တည်ဆောက်မှု ရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။