News

POST TAGGED AS

ကုလသမဂ္ဂ

ကုလညှိနှိုင်းရေးမှူး အပါအဝင် နိုင်ငံတကာ သံတမန်များ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ


စစ်တွေ၊ နိုဝင်ဘာ ၂

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms.Renata အပါအဝင် နိုင်ငံကိုးခုမှ အဖွဲ့ဝင် ၂၄ ဦးပါဝင်သော နိုင်ငံတကာသံတမန်အဖွဲ့သည် ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းက မောင်တောဒေသို့ သွားရောက်ကွင်းဆင်း လေ့လာလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ 

“အမေရိကန်၊ ဗြိတန်၊ တူရကီ စတဲ့နိုင်ငံတွေက သံတမန်တွေလည်း ပါတယ်။ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်ပြီး ရောက်လာတာပါ”ဟု စစ်တွေလေဆိပ်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် အရာရှိ တစ်ဦးက ပြောကြားသည်။ 

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms.Renata နှင့် နိုင်ငံတကာ သံအမတ်များသည် ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၈ နာရီခန့်က စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး လေဆိပ် ခန်းမဆောင်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တပ်မတော် ရဟတ်ယာဉ်များဖြင့် မောင်တောမြို့ကျီးကန်းပြင် ဌာနချုပ်သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ 

နိုင်ငံတကာ သံအဖွဲ့သည် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့   မောင်တောမြို့နယ်အတွင်း လုံခြုံရေးတာဝန် ဆောင်ရွက်နေသော ဒုတိယရဲမှူးကြီး သက်ကိုကိုက ပြောကြားသည်။ 

မောင်တောမြို့ဒေသခံများက “အကြမ်းဖက်အဖွဲ့ကို အားပေးသည့် UN/ INGO အဖွဲ့ အလိုမရှိ ထွက်သွား”ဟူသော ပိုစကာများ အိမ်များတွင်ကပ်၍ ကမ်ပိန်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့များက ခွာယူခဲ့ပြီး ဦးဆောင်သူများအနက် တစ်ဦးကို သတိပေး ပြောကြားခဲ့ကြောင်း မောင်တောမြို့မှ ရခိုင်အရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းသိန်းက ပြောဆိုသည်။

 ယင်းခရီးစဉ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုယ်ချုပ်ကြီးရဲအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ ခေါင်းဆောင်၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်၊ ဗြိတိန် သံအမတ်ကြီးများနှင့် သံရုံး အကြီးအကဲများ လိုက်ပါခဲ့ကြောင်း၊ အဆိုပါ လေ့လာရေး ခရီးစဉ်သည် ယနေ့(နိုဝင်ဘာ ၂ ရက်)မှ နိုင်ဝင်ဘာ ၃ ရက်အထိ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။




FOLLOW US