News

POST TAGGED AS

ကုလသမဂ္ဂ

မြောက်ကိုရီးယားနှင့် ပတ်သက်သည့်ကုမ္ပဏီနှင့် သင်္ဘောများကို ကုလသမဂ္ဂက အမည်ပျက်စာရင်းသွင်း


ကုလသမဂ္ဂ၊ ဧပြီ ၁

အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲပြီး ဆက်လက်လည်ပတ်နိုင်စေရန် မြောက်ကိုရီးယားအားကူညီရာတွင် ပါဝင်ခဲ့သော သင်္ဘော ၂၇ စင်း၊ ကုမ္ပဏီ ၂၁ ခု နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နာမည်ပျက်စာရင်းသွင်းခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားက သံတမန်ရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တံခါးဖွင့်လာသော်လည်း အမေရိကန်က ဆက်လက်ဖိအားပေးထားလိုခြင်းကို ဖော်ပြနေသော လုပ်ရပ်ဖြစ်သည်ဟု သံတမန်များက သုံးသပ်ခဲ့ကြသည်။

အမေရိကန်၏တောင်းဆိုမှုဖြင့် မြောက်ကိုရီးယားအပေါ် အကြီးမားဆုံး အရေးယူပိတ်ဆို့မှုအစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်များကို ချိုးဖောက်ပြီး မြောက်ကိုရီးယားကုန်စည်များကို မှောင်ခိုရောင်းဝယ်မှုအပေါ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှိမ်နင်းရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

မေလကုန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖြစ်ဖွယ်ရှိသော်လည်း အရေးယူပိတ်ဆို့မှုများဖြင့် ဖိအားဆက်ပေးသွားရန် အမေရိကန်က စီစဉ်ထားသည်။

ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်သံအမတ် နစ်ကီဟေလီက သမိုင်းဝင်အကြီးမားဆုံး အရေးယူပိတ်ဆို့မှု အစီအစဉ်ကို ကြိုဆိုခဲ့ပြီး မြောက်ကိုရီးယားအစိုးရအပေါ် နိုင်ငံတကာကအမြင့်ဆုံးဖိအားဆက်ပေးရန် ညီညီညွတ်ညွတ် အားထုတ်လျက်ရှိသည့် သင်္ကေတဖြစ်သည်ဟု ပြောကြားခဲ့သည်။

F-03



FOLLOW US