POST TAGGED AS

ကုလသမဂ္ဂ

အဆင်းရဲဆုံး တိုင်းပြည်များကြောင့် ကမ္ဘာ့ပညာရေး မျှော်မှန်းချက် အလှမ်း ဝေးနိုင်ဟုဆို


UNESCO အဖွဲ့က ၂ဝ၁၅ ခုနှစ်တွင် မူလတန်း ပညာရေးကို မသင်မနေရ ပညာရေးအဖြစ် တိုင်းပြည် အားလုံး ရရှိသင်ကြားနိုင်ရေး ဦးတည် လုပ်ဆောင်ခဲ့သော်လည်း ယနေ့အထိ သင်ကြားခွင့် ရသည့်နိုင်ငံမှာ ၆၄ နိုင်ငံသာ ရှိသေးကြောင်း၊ ၂၁ဝဝ ပြည့်နှစ်တွင် အားလုံးသော နိုင်ငံများတွင် အထက်တန်း ပညာရေးကို မသင် မနေရ ပညာရေးအဖြစ် သတ်မှတ်ပြဋ္ဌာန်း သင်ယူပြီး ဖြစ်စေရန် ဆောင်ရွက်သော်လည်း ၂ဝ၃ဝ ပြည့်နှစ်အထိ ၄ဝ ရာခိုင်နှုန်းပင် ပြည့်မြောက်စေရန် မလွယ်ကူကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

ပညာရေးတွင် ထောင်စုနှစ် ပန်းတိုင်အဖြစ် နိုင်ငံတကာကို ဦးတည် ဆောင်ရွက်ရန် တိုက်တွန်းထားသော်လည်း သတ်မှတ်ကာလ ၂ဝ၃ဝ ပြည့်နှစ်တိုင်အောင် ပညာရေး ပန်းတိုင် ရောက်ရန် မလွယ်သေးကြောင်း ယင်းသတင်းက ဆိုသည်။ 

ကမ္ဘာ့နိုင်ငံများအတွင်း ဆင်းရဲတွင်း နက်သည့် နိုင်ငံများသည် အခက်အခဲပေါင်း များစွာကို ဆက်လက် ရင်ဆိုင်နေရသဖြင့် ပညာရေး ပန်းတိုင် ရောက်ရန်မှာ မဖြစ်နိုင်သေးကြောင်း UNESCO အဖွဲ့က ထုတ်ပြန် ထားသည်။

နိုင်ဂျာ၊ ရဝမ်ဒါနှင့် အာဖရိက အလယ်ပိုင်း နိုင်ငံများ စသည့် ၁၁ နိုင်ငံခန့်သည် လာမည့် ၂၁ဝဝ ပြည့်နှစ်တိုင်အောင် ကလေးတိုင်း မူလတန်း ပညာရေးကို အားလုံး တန်းတူညီမျှ သင်ယူခွင့် ရရှိရန် မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂကလည်း ပြောကြားသည်။

ကုလသမဂ္ဂအနေနှင့် SDG (Sustainable Development Agenda) များ ချမှတ်ပြီး လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် မိန်းကလေး၊ ယောက်ျားလေး အားလုံး အရည်အသွေး ပြည့်ဝသည့် ပညာများကို သင်ယူနိုင်ရေး၊ အထက်တန်း ပညာကို မသင်မနေရ ပညာရေးအဖြစ် သတ်မှတ် သင်ကြားခွင့် ရရေးများ ချမှတ်ခဲ့သော်လည်း လက်တွေ့တွင် မည်သို့မျှ အကောင်အထည် မဖော်နိုင်သေးကြောင်း အစီရင် ခံထားသည်။ 

SDG အနေနှင့် အဆင့် လေးဆင့်ခွဲကာ လုပ်ဆောင်ရာတွင် ၁၂ နိုင်ငံသည်သာ ရည်မှန်းချက်အတိုင်း အောင်မြင်စေရန် လုပ်ဆောင်နိုင်သေးပြီး ယင်းအနက် ဥရောပမှ နှစ်နိုင်ငံသာ ပါဝင်ပြီး၊ အမေရိကန် ပြည်ထောင်စုသည်ပင် ၂ဝ၄ဝ ပြည့်နှစ် တိုင်အောင် ထောင်စုနှစ် ပညာရေး ရည်မှန်းချက် ပန်းတိုင်ကို ရောက်စေရန် ဆောင်ရွက်နိုင်မည် မထင်ကြောင်း The Guardian သတင်းတွင် ရေးသားထားသည်။



FOLLOW US