POST TAGGED AS

ကုမ္ပဏီ

ပြင်ဦးလွင်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်နေသော ရတနာပုံဆိုက်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၁၄ ခု လာရောက်လျှောက်ထားပြီးဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြီးတန်းအရာရှိက ပြောကြားသည်။
မန္တလေးမြို့ ၆၂ လမ်းရှိ မနော်ရမ္မံကွင်းအတွင်း လူငယ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီအနေနှင့် စီမံကိန်းမြေနေရာ အသုံးပြုခအဖြစ် တစ်နှစ်လျှင် တစ်ဧကကို အမေရိကန်ဒေါ်လာ သုံးသန်းပေးရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
နယူးယောက်ပြည်နယ် အစိုးရရှေ့နေများက ရုပ်ရှင်ထုတ်လုပ်သော ဝိန်းစတိန်းကုမ္ပဏီကို ဝန်ထမ်းတစ်ဦးအား အကာအကွယ်ပေးရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ယာဉ်လိုင်းသုံးလိုင်းကို တာဝန်ယူပြေးဆွဲနေသည့် Power Eleven အများပိုင်ကုမ္ပဏီအနေနှင့် YBS ယာဉ်လိုင်းနှစ်လိုင်းနှင့် ထပ်မံပူးပေါင်းရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
ပြည်တွင်း ဆက်သွယ်ရေးဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုများပြားလာခြင်းကြောင့် ဆက်သွယ်ရေး ကဏ္ဍအတွက် လွတ်လပ်သည့် ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ဖွဲ့စည်းရန်လိုအပ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Lars Erik Tellmann က ပြောကြားသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခန်း လာရောက် ဖွင့်လှစ်ထားသော ထင်ရှားသည့် အမေရိကန် ဥပဒေအကြံပေးကုမ္ပဏီ Herzfeld Rubin Meyer & Roseသည် ဖေဖော်ဝါရီလကုန်မှစ၍ ၎င်း၏လုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီက The Voice သို့ အတည်ပြုပြောကြားသည်။
ထားဝယ် အထူးစီးပွားရေးဇုန်အနီးရှိ တလိုင်းသတ်တောင်တွင် အီတာလျံ - ထိုင်း (ITD) ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ငန်းကြောင့် ပျက်စီးခဲ့ရသည့် လယ်ပိုင်ရှင်များကို ဇန်နဝါရီလ ၂၉ ရက်တွင် သီးနှံလျော်ကြေး ပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးဝေဖြိုးလင်းက ပြောကြားသည်။
22-Dec-2017 tagged as ကုမ္ပဏီ Facebook Microsoft
ကမ္ဘာကျော် ဆိုရှယ်ကွန်ရက်ကြီး တစ်ခုဖြစ်သည့် Facebook ကုမ္ပဏီနှင့် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Microsoft တို့သည် မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများကြောင့် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း အိမ်ဖြူတော်၏ သတိပေးချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်တွင်း ပြည်ပ ကုမ္ပဏီအားလုံးသည် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ ခြောက်လအတွင်း အွန်လိုင်းစနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။