News

POST TAGGED AS

ကုန်ဈေးနှုန်း

စပါးပေါ်ချိန်တွင် သာမန်စပါးအမျိုးအစားများသည် ဈေးနှုန်းကျဆင်းလေ့ရှိသည့်အတွက် လယ်သမားအများစု၏ အကျိုးစီးပွားကာကွယ်ရန် ဧည့်မထ၊ ဇီယာစသည့် သာမန်မျိုးစပါးဈေးကို တင်းတစ်ရာလျှင် (၄၆ ပေါင်) ကျပ် ငါးသိန်း အခြေခံဈေးထားပြီး ဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်သည်။
မန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး လမ်းတံတားများ ဖျက်ဆီးခံရမှုများကြောင့် ဆန်နှင့် စက်သုံးဆီဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်း လေးဆခန့်တက်နေသဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဒေသခံတစ်ထောင်ခန့်က ဆန္ဒပြမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအသောက်အတွက် ကုန်ကျစရိတ်သည် လူတစ်ဦး ကုန်ကျစရိတ် စုစုပေါင်း၏ အများဆုံးနေရာကို ယူထားတတ်သည်။ မြန်မာတွင် အစားအသောက်အတွက် ကုန်ကျစရိတ်သည် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု မှတ်သားဖူးသည်။ ယခုလည်း ထိုပတ်ဝန်းကျင်တွင် ရှိပါလိမ့်မည်။ ထို့ကြောင့် အစားအသောက် အတွက် သုံးစွဲရသော လူတစ်ဦးချင်း ကုန်ကျစရိတ်ကို လျှော့ပေးနိုင်လျှင် ကုန်ဈေးနှုန်းကိစ္စ အစိတ်အပိုင်းကြီးကြီး တစ်ခု ပြေလည်မည်။ အစားအသောက်၏ အရည်အသွေးကို တင်ပေးနိုင်လျှင် အာဟာရတန်ဖိုး မပြည့်ခြင်း၊ အဆိပ်များ ပါဝင်နေခြင်းကြောင့် နောင်တစ်ချိန် ကျန်းမာရေး ထိခိုက်ခြင်းများကို ကာကွယ်နိုင်မည်။ ကျန်းမာရေးအတွက် ကုန်ကျစရိတ်သည် တစ်ချီဆို ဆိုသလောက် မြန်မာနိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ရိုက်ခတ်ပေသည်။
ပြီးခဲ့သည့်နှစ်က ကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ရေများ ပြန်ဆင်းသွားသော်လည်း ကုန်ဈေးနှုန်းမှာ ဆင်းမသွားဘဲ တင်ကျန်ခဲ့သည်။