News

POST TAGGED AS

ကုန်သွယ်မှု

တရုတ်အစိုးရက မြန်မာနိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများကို ယခုရက်ပိုင်း၌ အဖမ်းအဆီးများပြားနေခြင်းကြောင့် မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်း ကုန်သွယ်မှုလျော့ကျနေကြောင်း အဆိုပါ ဈေးကွက်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။
10-Jul-2018 tagged as ကုန်သွယ်မှု
စီးပွားရေး ကပ်ဆိုက်ပြီဆိုလျှင် အမေရိကန်၊ ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင် တင်ရှိသောကြွေးက များပြားလှပါသည်။ ဤသို့ဆိုလျှင် ထိုအစိုးရများအနေဖြင့် စီးပွားရေးကပ်မှလွတ်မြောက် ရန် မလွယ်ကူလှပါ။ ဤကဲ့သို့ အခြေအနေမျိုးတွင် ကိုယ်ကျိုးစီးပွားကို ကာကွယ်ခြင်း (Protectionism) တစ်ခုသာ လုပ်စရာရှိပါသည်။ မိမိအကျိုးကိုကာကွယ်ရန်အတွက် နိုင်ငံတွင်းဝင်လာမည့် ကုန်ပစ္စည်းအပေါ် အခွန်စည်းကြပ်ခြင်းကိုသာ လုပ်နိုင်ကြပါသည်။ ဤသို့ဖြင့် အမြော်အမြင်ကြီးသူများက ချမှတ်ထားခဲ့ကြသော (Free Trade) နှင့် ဆန့်ကျင်သော အရာများသာ ဆက်တိုက်ဖြစ်လာရန် ရှိပါသည်။
06-Jul-2018 tagged as ကုန်သွယ်မှု
ပို့ကုန်နည်းပါးမှုကြောင့် ကုန်သွယ်မှုလိုငွေပြမှု များပြားနေသော မြန်မာ့ကုန်သွယ်မှုအခြေအနေသည် ယခုနှစ်ဧပြီလမှ ဇွန်လကုန်ပိုင်းအထိ သုံးလအတွင်း ကုန်သွယ်မှုလိုငွေပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၁၂၉၀ ကျော်သို့ ရောက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။
ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီ အစဉ်နှင့်ပတ်သက်၍ တရုတ်မီဒီယာများက ၎င်းကို လှောင်ပြောင် ပြက်ရယ်ပြုခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှုလုပ်ငန်းဖြစ်သည့် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်နေမှုကို တိုက်ဖျက်ရေးအတွက် ရုပ်သံဇာတ်လမ်းတိုပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူ ရုပ်ရှင်ရိုက်ကူးသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း စီစဉ်သူများထံမှ သိရသည်။
စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရပြီး အမေရိကန်နှင့် မဟာမိတ်များအကြား နက်ရှိုင်းစွာ သဘောကွဲလွဲနေမှုကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ဖွယ်မရှိဟု DW သတင်းတွင် ဖော်ပြထားသည်။
04-Jun-2018 tagged as ကုန်သွယ်မှု
မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခြောက်လတာကာလအတွင်း သွင်းကုန်၊ ပို့ကုန် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။
နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးသံမှူးများ ထပ်မံစေလွှတ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။
နယ်စပ်ဒေသများမှတစ်ဆင့် ကုန်ပစ္စည်းများ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့ ပြုလုပ်ရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံခန့်ဖြင့် စံချိန်တင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။