News

POST TAGGED AS

ကုန်သည်

07-Dec-2016

မူဆယ် ကုန်သည်
မူဆယ်ရှိ မြန်မာကုန်သည်အချို့ တရုတ်ဘဏ်အကောင့် အပိတ်ခံရ
မန္တလေး၊ ဒီဇင်ဘာ ၇

တရုတ်နိုင်ငံနှင့် ချိတ်ဆက်ရောင်းဝယ်နေသော မူဆယ်ရှိ မြန်မာကုန်သည်အချို့၏ တရုတ်ဘဏ်အကောင့်များ အပိတ်ခံရကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောကြားသည်။

တရုတ်နိုင်ငံအတွင်းရှိ ကုန်သည်များ အခွန်မဆောင်မှုများအား ဖမ်းဆီးအရေးယူရာမှ စတင်ကာ ၎င်းတို့၏ ဘဏ်အကောင့်အပြင် ဆက်သွယ်လုပ်ကိုင်ဖူးသူ  မြန်မာစီးပွားရေး လုပ်ငန်းရှင်များပါ အပိတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

"ဘဏ်အကောင့်တွေ ပိတ်လိုက် တော့ အခက်အခဲကြုံရတယ်။ သူတို့ အခွန်ရှောင်တာနဲ့ ဆက်သွယ်ငွေပို့ဖူးတဲ့ တခြားတွေပါ ပိတ်တာတော့ မဖြစ်သင့်ဘူး" ဟု ဒေါ်ဘီဘီအောင်က ပြောသည်။

လက်ရှိ ဘဏ်အတွင်း တရုတ်ငွေ တစ်သိန်းကျော်၊ မြန်မာငွေဖြင့် သိန်းထောင်ကျော် အပ်နှံလုပ်ကိုင်နေပြီး လက်ရှိငွေထုတ်မရကြောင်း ၎င်းင်းက ဆက်ပြောသည်။

"အဓိကက ဆန်နဲ့သကြား ပို့တဲ့သူတွေပဲထိတာ။ သူတို့က အခွန်ရှောင်ပြီး လုပ်ကြတာ၊ ငွေလွှဲဖူးတဲ့သူတွေ စီးပွားရေး တွဲလုပ်ဖူးသူတွေ အကုန်အပိတ်ခံရတာ" ဟု မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်ကုန်သည်များ အခွန်မဆောင်မှုနှင့် ပတ်သက်ပြီး အရေးယူ ဖမ်းဆီးခဲ့ရာမှ ၎င်းတို့ နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံမှ ဆန်၊ သကြားကုန်သည် ဆယ်ဦးကျော်၏ ဘဏ်အကောင့်များကိုပါ ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

M-06



FOLLOW US