News

POST TAGGED AS

ကိုယ်ဝန်ဆောင်

ကမ္ဘောဒီးယားနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၃ ဦးကို တရုတ်လူမျိုးတို့၏ အငှားကိုယ်ဝန်ဆောင်များ ဘဝဖြင့် ဖမ်းဆီးလိုက်သည်ဆိုသော သတင်းက ဇူလိုင်လတွင် ဂယက်ထသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဆေးခန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အငှားကိုယ်ဝန်ဆောင်များနှင့်အတူ ထိုလုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေးနေသည့် ခေါင်းဆောင်ငါးဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဥရောပ၏ လူမှုရှေးရိုးစွဲ အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကို အဆုံးသတ်ရန်အတွက် ဆန္ဒခံယူပွဲတွင် သောင်ပြိုကမ်းပြို မဲပေး၍ ဆုံးဖြတ်လိုက်ကြပြီးနောက် အိုင်ယာလန်ဝန်ကြီးချုပ်က အောင်မြင်သော အသံတိတ်အသွင်ပြောင်း တော်လှန်ရေးအဖြစ် ဂုဏ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကက်သလစ်ဘာသာကိုးကွယ်သော အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ဖြစ်အောင် အခြေခံဥပဒေကို ပြင်ဆင်ရန် သင့်၊ မသင့် ဆန္ဒခံယူပွဲတစ်ရပ်ကို မေ ၂၅ တွင် ကျင်းပတော့မည်ဖြစ်ရာ စနေနေ့က ဒဗ်ဗလင်တွင် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲ၌ ထောင်နှင့်ချီသောပြည်သူများ ပါဝင်ခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်သည့်ကာလ ပထမလပိုင်းများတွင် ငါးကြီးဆီ တစ်နေ့တစ်လုံး စားသုံးခြင်းဖြင့် ကလေးတွင် အစာဓာတ်မတည့်မှု (Allergy) ကို လျှော့ချပေးနိုင်သည်ဟု သုတေသနလေ့လာမှုတွင် တွေ့ရှိခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်း ပြဿနာဟု ဆိုလိုက်သောကြောင့် နိုင်ငံရေး ပြဿနာဟု မယူဆစေလိုပါ။ နိုင်ငံများ၏ ပြဿနာမဟုတ်။ လူများ၏ လူမှုရေးပြဿနာ။ တစ်နည်းဆိုရလျှင် လူတို့၏ အရှေ့အလယ်ပိုင်းနေရာ ဗိုက်ပြဿနာ။ အမျိုးသမီးများ၏ ဗိုက်ပြဿနာ ဖြစ်ပါသည်။
ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက် ၂ နှစ်အောက် ကလေးများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဥရောပ၏ အနွမ်းပါးဆုံးနိုင်ငံများထဲတွင် ပါဝင်သော ယူကရိန်းနိုင်ငံသည် ကလေးကိုယ်စားမွေးပေးရန် အငှားကိုယ်ဝန်ဆောင်ကို လိုက်ရှာသူများအကြား ရေပန်းစားသောနေရာတစ်ခု ဖြစ်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပြည်နယ်နှင့်တိုင်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကမွေးဖွားလာသည့် အသက် ၂ နှစ်အောက်ကလေးများကို တိုးချဲ့ထောက်ပံ့ပေးနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။