News

POST TAGGED AS

ကား

ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီး၌ မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကားစတန့် (Drift) ပြိုင်ပွဲတစ်ရပ် ဒုတိယအကြိမ် ကျင်းပမည်ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ကြီးမားသော ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် အမျိုးသမီးများကို မော်တော်ယာဉ်မောင်းနှင်ခွင့်ပြုလိုက်ပြီးနောက် ယခုအခါ ကမ္ဘာ့မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများက ဆော်ဒီအမျိုးသမီးများကို ဆွဲဆောင်နိုင်ရန် စတင်ကြိုးပမ်းလျက်ရှိကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြသည်။
သံမဏိနှင့် အလူမီနီယမ်သွင်းကုန်အပေါ် အခွန်စည်းကျပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကြောင့် ကုန်သွယ်ရေးပဋိပက္ခ တင်းမာနေချိန်တွင် ဥရောပသမဂ္ဂ (EU) မှ ကားများကို အခွန်ကောက်မည်ဟုပါ ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း ဂျာမနီသတင်းဌာန DW က ဖော်ပြသည်။
လာမည့်ဧပြီလမှစတင်ကာ ကနဦးပေးသွင်းရမည့်အခွန် ၁၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟူသော သတင်းကြောင့် မိတ္ထီလာကားဈေးကွက်အတွင်း တန်ဖိုးမြင့်ကားများ အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ကျပ်သိန်းတစ်ရာဝန်းကျင်ရှိ ကားများသာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မိတ္ထီလာမြို့ခံ ကားဝယ်ရောင်းသမားများထံမှ သိရှိရသည်။
30-Jan-2018 tagged as ကား ဂျာမန်
ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းများအုပ်စုက ရန်ပုံငွေထောက်ပံ့ထားသော သုတေသနအဖွဲ့က မော်တော်ကားအိပ်ဇောမီးခိုးတွင် တွေ့ရသော နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ပြည်သူများတွင် စမ်းသပ်နိုင်မည့် သိပ္ပံစမ်းသပ်မှုများကို စပွန်ဆာပေးထားသည်ဟု ဂျာမန်စတုဂတ် နေ့စဉ်သတင်းစာက ရေးသားထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
27-Jan-2018 tagged as ကား
ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်သူတစ်ဦးဟာ ပြည်ပကနေ မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းလာတဲ့ ယာဉ်တစ်စီးကို သတ်မှတ်ထားတဲ့အခွန်အခများ ပေးဆောင်ပြီး နိုင်ငံတော်ကလည်း တရားဝင် ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးထားပြီးပြီဆိုရင်၊ အဲဒီယာဉ်ကို မိမိနေထိုင်ရာအရပ်ဒေသတွင် ထားရှိခွင့်ရှိသင့်တယ်လို့ ထင်မြင်ယူဆပါတယ်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ရန်ကုန်တိုင်းအစိုးရကိုယ်တိုင် ရန်ကုန်မြို့ရှိ ကျောင်းအချို့တွင် ကျောင်းကားများ ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
17-Jan-2018 tagged as ကား ရန်ကုန်
စလစ်အစား ငွေသားပေးသွင်း၍ ရောင်းချခွင့်ပေးထားသော မော်တော်ယာဉ် အစီးရေ တစ်ထောင်ကျော်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာထိသာ ရောင်းချခွင့်ပြုထားရာ ရောင်းမထွက်သေးသည့် ယာဉ်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
သာစည်မြို့နယ် ယင်းမာပင်ကျေး ရွာအနီးတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ယာဉ်ကြောရှင်းနေစဉ် ယာဉ်တိုက်မှုထပ်မံဖြစ်ပွားပြီး ၁၂ ဘီးယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမာပင်ရဲစခန်းထံမှ သိရသည်။