News

POST TAGGED AS

ကားလမ်း

30-Jul-2018 tagged as ကားလမ်း
မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြစ်ရေများ တက်လာသဖြင့် ကားလမ်းများ ရေလွှမ်းမိုးမှုများဖြစ်လာကာ မြန်မာနိုင်ငံ တောင်းပိုင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ယနေ့အထိ ရှိနေဆဲဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ ပျက်စီးနေသည့် လမ်းများပြုပြင်ရန် ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးခန်း၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ အစည်းအဝေးပြုလုပ်၍ ဆွေးနွေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်သည်။
ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့ရှိ မဟာဗန္ဓုလလမ်းမကြီးကို လွန်ခဲ့သည့် ၄ လခန့်က နိုင်လွန်ကတ္တရာ (AC) ခင်းခဲ့သော်လည်း အချို့နေရာများတွင် ပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်ပြီး ချင်းပြည်နယ် ရိခေါဒါရ် မြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ကို ဆက်သွယ်သွားလာသည့် ကလေး- တီးတိန်- ရိလမ်းပိုင်းတွင် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ မိုးဆက်တိုက်ရွာနေပြီး ကားလမ်းချော်နေသဖြင့် မော်တော်ယာဉ်များ အသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ လောက်လုံးကျေးရွာနှင့် လီချားကျေးရွာအကြား ကျေးရွာချင်းဆက်လမ်းကို ကားလမ်းအဖြစ် ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။