News

POST TAGGED AS

ကားမူဝါဒ

ရန်ကုန်လိုင်စင် (ရန်ကုန်ကားတင် သွင်းခွင့်လက်မှတ်- YVQC) ကို ဇွန်လမှစတင်၍ ပြန်လည် ပေးအပ်မည်ဟု မေလ ၂၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်တင် သွင်းခွင့်လက်မှတ် (YVQC) တစ်ခုလျှင် ကျပ် ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်ရန်စီစဉ်နေကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။