News

POST TAGGED AS

ကားမီးလောင်

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာမှတ်တိုင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက် ၇ နာရီခွဲဝန်းကျင်က YBS (၁၀) ခရီးသည်တင် ယာဉ်တစ်စီးမှာ မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ် နာမည်ကျော် ရှောင်ဇဲလီဇဲရိပ်သာလမ်းတွင် ကားတစ်စီးသည် ရဲအရာရှိကို ဝင်တိုက်ပြီး နောက် မီးလောင်သွားသည်ဟု ရဲဌာန တာဝန်ရှိသူများက ပြောကြားသည်။
13-May-2017 tagged as ကားမီးလောင်
ရန်ကုန်-မန္တလေး အမြန်လမ်း လှည်းကူးတိုးဂိတ်အနီး မိုင်တိုင် ၄ နှင့် ၄ ဖာလုံတွင် မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ပဲခူးဖက်မှ ရန်ကုန်ဖက်သို့ မောင်းနှင်လာသည့် ၁၀ ဘီး မြေသယ်ယာဉ်တစ်စင်း အရှိန်လွန် တိမ်းမှောက်ရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်မှ စုံစမ်းသိရှိရသည်။
23-Apr-2017 tagged as ကားမီးလောင်
ပခုက္ကူ-ရန်ကုန် ပြေးဆွဲနေသည့် ပုဂံမင်းသား ခရီးသည်တင်ယာဉ်လိုင်းမှ ကားသည် ဧပြီလ ၂၂ ရက်၊ ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် လက်ပံခြေရွာ ဧရာဝတီ တံတားတောင်ဘက်ထိပ် အရောက်၌ အင်ဂျင် အပူရှိန် လွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လက်ပန်ခြေပေါ် ရဲကင်းထံမှ သိရှိရသည်။
21-Jan-2017 tagged as ကားမီးလောင်
ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၃ လမ်းဆုံအနီး မိုင်တိုင်အမှတ် ၄ နှင့်၂ ဖာလုံအနီး ပုဂံဘုရားဖူးပြီး ပြန်လာသည့် Hiace အမျိုးအစား အန်စာတုံးပုံ အိမ်စီးယာဉ်တစ်စင်း ယနေ့(ဇန်နဝါရီလ ၂၁ ရက်) နံနက် ၈ နာရီခွဲခန့် ကလမ်း ဘေးထိုးကျ တိမ်းမှောက် မီးလောင်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးအနက် ခရီးသည် ရှစ်ဦး မီးလောင် သေဆုံး
"နေပြည်တော်ဖက်ကလာတဲ့ ယာဉ်လို့သိရတယ်။ စတင်လောင်ကျွမ်းချိန်ကနေ နာရီဝက်အကြာလောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုက အတိအကျ မပြောနိုင်သေးသလို ယာဉ်မောင်းကလည်း ထွက်ပြေးနေပါတယ်"