News

POST TAGGED AS

ကားတိုက်မှု

ဗြိတိန်၊ သာ့စ်မြို့အနီးတွင် ကားသုံးဆင့် တိုက်မှုဖြစ်ပွား၊ ဆယ်ကျော်သက်နှစ်ဦးသေဆုံး


လန်ဒန်၊ မတ် ၈

ကားသုံးဆင့်တိုက်မှု တစ်ခုတွင် ဆယ်ကျော်သက် နှစ်ဦးသေဆုံးခဲ့သည်ဟု ရဲဌာနက ထုတ်ပြန်ထားသည်ကို BBC သတင်းဌာနတွင် ဖော်ပြသည်။

အသက် ၁၇ နှစ်ဝန်းကျင် လူငယ်နှစ်ဦး သာ့စ်မြို့အနီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သည်ဟု တောင်ယော့ခ်ရှိုင်းယားပြည်နယ် ရဲဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် သုံးနာရီ (ဂရင်းနစ်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၉ နာရီ ၂၅ မိနစ်) တွင် Ford Focus၊ Vauxhall Corsa နှင့် Volkswagen Bora ကားသုံးစင်း တိုက်မိသည်ဟု ရဲဌာနသို့ အကြောင်းကြားသည့် ဖုန်းများဝင်လာခဲ့သည် ဟုသိရသည်။

ကလေးငယ်နှစ်ဦး အပါအဝင် ဒဏ်ရာရသူ ခုနစ်ဦးကို ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက်တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည် ရဲဌာနမှ ထုတ်ပြန်သည်။

ကာလ်တန် မီနီယွတ်ရွာအနီးရှိ A61 လမ်းမပေါ်တွင် အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများ စုံစမ်းစစ်ဆေးနေစဉ် အချိန်အတွင်း A61 လမ်းမကြီးကို နာရီအတော်ကြာ ပိတ်ထားခဲ့သည်ဟု သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာ၌ အခင်းဖြစ်ပွားချိန်တွင် ရှိနေသော မျက်မြင်သက်သေများနှင့် ကားရှေ့တွင် ကင်မရာ တပ်ဆင်မောင်းနှင်သော ယာဉ်မောင်းများ စသည်တို့ကိုလည်း စုံစမ်းစစ်ဆေးခဲ့သည်ဟု သိရသည်။

လူအသေအပျောက်စာရင်းကို တောင်ယော့ခ်ရှိုင်းယားပြည်နယ် ရဲဌာနမှ တွစ်တာတွင် အတည်ပြု ကြေညာခဲ့သည်ဟုလည်း သိရသည်။ 

F-06



FOLLOW US