News

POST TAGGED AS

ကာကွယ်ရေး

တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်


ရန်ကုန်၊ ဇွန် ၁၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Wei Fenghe ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၃ ရက် ည ၁၀ နာရီခန့်က ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိများ သွားရောက်ကြိုဆိုခဲ့ကြကြောင်း တပ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်မြောက်ပိုင်းက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် မကြာခဏ အဆက်အသွယ်များ ပြုလုပ်မှုများရှိနေ၍ မြောက်ပိုင်းအဖွဲ့များနှင့် ပတ်သတ်သည့် အခြေအနေများကို ဆွေးနွေးသွားဖွယ်ရှိသည်။

အခြား တရုတ်ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်အချို့လည်း မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်ဖူးပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အဖွဲ့ဝင်တစ်ဦး လာရောက်၍ တပ်ချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံတို့နှင့် တွေ့ဆုံခဲ့သည်။ 

J-08



FOLLOW US