News

POST TAGGED AS

ကရင်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဆောက်လုပ်နေသော ဘားအံ ဘိုးဘွားရိပ်သာကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
ကရင်ပြည်နယ်၊ တောင်ကလေးရွာတွင် ဧပြီလတတိယပတ်မှ မတ်လ ၂၇ ရက်အထိ ကလေး ၁၀၄ ဦးကို ခြေတု/လက်တုနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဘားအံ၊ တောင်ကလေး ခြေတုလက်တုနှင့် ပြန်လည်ထူထောင်ရေးဌာနထံမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ လွန်းည စံပြကျေးရွာအတွင်းရှိ ကျောက်တောင်မှ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဒေသခံများတွေ့ကြုံနေရသည့် အခက်အခဲလိုအပ်ချက်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ်အစိုးရထံမှ သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စုတွင် ကျင်းပသော ဒူးရင်းသီးစားပွဲတော်သို့ ကရင်ပြည်နယ်ရှိ ဒေသအသီးသီးမှ လာရောက်သူ တစ်သောင်းဝန်းကျင်ရှိခဲ့သည်ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ကရင်ပြည်နယ်၏ အကောင်းဆုံးဒူးရင်းသီးများထွက်ရှိရာ ဒေသအဖြစ်ထင်ရှားသော ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာ၌ ဒူးရင်းသီးအခမဲ့စားသုံးနိုင်မည့်ပွဲတော် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း လက်ရှိ သင်ကြားပေးနေသော အထက်တန်းကျောင်းခွဲများကို အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးရန်အတွက် လေ့ကျင့်ပေးထားသည့် အထက်တန်း ကျောင်းဆရာ၊ ဆရာမများ မလုံလောက်သည့်အတွက် အဆင့်မမြှင့်တင်နိုင်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
ကရင်ပြည်နယ်ရှိ စိုက်ပျိုးမြေဧက ၂၀၀ ခန့်တွင် အစေ့ထုတ်ပြောင်းကို အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် စတင်စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်းထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲပြီးနောက် နောက်ဆက်တွဲ လုပ်ငန်းတစ်ခုဖြစ်သည့် စစ်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းရှင်းလင်းရေးတို့ကို လှိုင်းဘွဲ့မြို့နယ်မှစ၍ လုပ်ဆောင်နေပြီး ကျန်မြို့နယ်များ၌လည်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
ကရင်​ပြည်​နယ်​အတွင်း ဖွံ့ဖြိုး​ရေး လုပ်​ငန်းများဖြစ်​​သော ကျန်းမာ​ရေး၊ အားကစား၊ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းများ၊ ပညာ​ရေးလုပ်​ငန်းများအတွက်​ ၂၀၁၈ ဘဏ္ဍာနှစ်​ ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်း ကျပ်သန်းခုနစ်သောင်း သုံးထောင်သုံးစွဲရန် လျာထားကြောင်း ယင်းပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။
14-Mar-2018 tagged as ကရင် ပါတီသစ်
ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ (KNDP) အနေနှင့် ကျယ်ပြန့်ပြီး ခက်ခဲမှုများရှိသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကြိုးပမ်းတည်ဆောက်မည်ဖြစ်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။