News

POST TAGGED AS

ကရင်ပြည်နယ်

ကျိုင်းတုံတွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
ကျိုင်းတုံ၊ ဩဂုတ် ၂၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ကျိုင်းတုံ-မိုင်းခတ်လမ်း မြို့အဝင် နောင်ဖာရဲကင်းရှေ့၌ အမျိုးသားကြီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းလတ်က ပြောကြားသည်။

“မိုင်းခတ်လမ်းကနေ မြို့ထဲစီးလာတဲ့ အဲဒီအမျိုးသား ဆိုင်ကယ်ကို ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးချိန်မှာ တူးဘောက်ထဲကနေ ဖမ်းမိခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ဦးအားယို (၅၆ နှစ်) မောင်နှင်လာသည့် ဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆ ပြားနှင့် ဘိန်းစိမ်း ၅၅ ဂရမ်ခန့် ဖမ်းဆီးရမိခဲ့၍ ၎င်းကို မယ (ပ) ၁၆၉/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉ (က)ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16




FOLLOW US