News

POST TAGGED AS

ကရင်ပြည်နယ်

ပဲခူးရေဘေးသင့်သူများထံသို့ သမ္မတ သွားရောက်တွေ့ဆုံ
တောင်ငူ၊ ဇူလိုင်၂၈

ပဲခူးတိုင်းအစိုးရနှင့်တွေ့ဆုံရန် လာရောက်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇူလိုင် ၂၈ ရက်နေ့က ပဲခူးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

နိုင်ငံတော်သမ္မတဖြစ်ပြီးနောက် ပဲခူးတိုင်းဒေသကြီးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် သမ္မတဦးဝင်းမြင့်သည် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပဲခူးမြို့နယ်ခန်းမတွင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု သမ္မတက ပြောဆိုခဲ့ကြောင်း ပဲခူးမြို့နယ် တိုင်းဒေသကြီး 
လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။

“ပဲခူးတိုင်းကို ပြုပြင်ပြောင်းလဲဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို တွေ့ဖို့လာတယ်ဆိုပြီးပြောပါတယ်။ တွေ့ဆုံပွဲပြီးတဲ့အခါ ရေဘေးသင့် ပြည်သူတွေကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးဌာနများကို အဓိက ပြုပြင်ပြောင်းလဲရန် မှာကြားခဲ့ပြီး ပြောင်းလဲရမည့်အချိန်ကို မေ့နေကြသဖြင့် လက်ရှိ အခြေအနေတွင် တန်ဖိုးရှိရှိ ပြောင်းလဲရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ကြသူအချို့က ဆိုသည်။

R-15



FOLLOW US