News

POST TAGGED AS

ကရင်ပြည်နယ်

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကန်ညီနောင်ကျေးရွာအုပ်စုအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၅) တပ်ဖွဲ့နှင့် တပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ဒေသခံ ၂၅၀ ကျော် မြိုင်ကြီးငူသို့ လာရောက်ခိုလှုံလျက်ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားသည့် ကလေးငယ်များကို ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း မူးယစ်ဆေး အလွဲသုံးစားမှုလျှော့ချနိုင်ရေးအတွက် လူငယ်မှ လူငယ်သို့ပညာပေးခြင်း စနစ်အဖြစ် လူငယ်အချင်းချင်း မူးယစ်ဆေးဝါး လျှော့ချနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောကြားသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ တပ်မဟာ (၅) နေရာတွင် ပြုလုပ်မည့် ကရင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်မှုကိစ္စ တပ်မတော်နှင့် ညှိနှိုင်းမှုရရှိကာ ပြေလည်သွားပြီဖြစ်၍ အခမ်းအနားကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU ထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း မြို့နယ် ၆ ခု၌ ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးသွားသည့် လယ်ဧကနှင့် လက်ရှိထောက်ပံ့ရန် ရှိနေသည့် မျိုးစပါးအရေအတွက်မှာ လုံလောက်ခြင်းမရှိကြောင်း ယင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မိုးစပါးစိုက်ဧကများပျက်စီးခဲ့သဖြင့် ရေများပြန်လည်ကျဆင်းသွားပါက အရန်မျိုးစပါးတင်း ၃၀၀၀ နှင့် မျိုးစေ့ချစက်ကိရိယာများ ဖြန့်ဖြူးပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်သုံးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူဦးရေ ၅၃,၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ လက်ရှိ ရေကြီးရေလျှံမှုများမှာ မြစ်ရေမြင့်တက်ခြင်းများကြောင့် အများစု ရေဘေးကြုံတွေ့နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရေဘေးကြုံတွေ့နေသည့် မွန်ပြည်နယ်ရှိ ဘီးလင်းမြစ်၊ ကရင်ပြည်နယ်ရှိ သံလွင်မြစ်နှင့် ပဲခူးရှိ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့၏ အခြေအနေသည် စိုးရိမ်ရေမှတ်အထက်၌ပင် ရှိနေဆဲဖြစ်သည့်အတွက် ရေဘေးကြုံတွေ့နေရသူများ ဆက်လက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
23-Jul-2018 tagged as ကရင်ပြည်နယ်
ကရင်ပြည်နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြဝတီမြို့ အပါအဝင် မြို့အနှံ့ ၌ ဇူလိုင်လ ၂၃ရက်တွင် ရေကြီးနစ်မြုပ်နေပြီး လူ ၇၀၀၀ ကျော် ရေဘေးစခန်းများ၌ ခိုလှုံနေထိုင်လျက်ရှိကြောင်း ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းသည့် လှိုင်းဘွဲ့မြစ်နှင့် မဲပချောင်းတို့၏ မြစ်ရေတိုးမှုနှင့် တောင်ကျချောင်းရေများကြောင့် လှိုင်းဘွဲ့မြို့နယ် (က) ရပ်ကွက်နှင့် (၂) ရပ်ကွက်တို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။