News

POST TAGGED AS

ကယားပြည်နယ်

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အဓိကကဏ္ဍသုံးခုဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ သတ္တုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကယားပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာတွင် ကန့်သတ်ထားသော ရပ်ရွာအခြေပြု ခရီးစဉ်ဒေသနှစ်ခုကို ပြန်လည်ခွင့်ပြုပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ကယားပြည်နယ်) တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဒီဇင်ဘာလ ၂၉ ရက်နေ့သွားရောက်ကာ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
09-Mar-2017 tagged as ကယားပြည်နယ်
ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့အကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန် တည်ဆောက်ရန် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုးချုပ်ဆိုပွဲကို ယနေ့ (မတ်လ ၉ ရက်) ကျင်းပခဲ့ကြောင်း ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။
02-Feb-2017 tagged as ကယားပြည်နယ်
ကယားပြည်နယ်အတွင်း ပြီးခဲ့သည့်နှစ်မှ စတင်ပြီး သီးနှံဈေးကွက် ကျဆင်းနေသည့်အတွက် သီးနှံဈေးနှုန်း မြှင့်တင်ပေးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် ယနေ့ (ဖေဖော်ဝါရီ ၂) နံနက် ၁၀ နာရီခန့်က လွိုင်ကော်မြို့မှ ဒေသခံတောင်သူ ၅၀ ခန့် မိုးဗြဲမြို့နယ်သို့ စတင်ထွက်ခွာသွားကြောင်း ဦးဆောင်သူများထံမှ သိရသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ်အမှတ် (၁) NLD ပါတီ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် အမည် စာရင်းတင်သွင်းချိန် နောက်ကျမှုကြောင့် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရရှိတော့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။