News

POST TAGGED AS

ကမ္ဘာ့အမွေအနှစ်

ရှေးဟောင်း သဘာဝနယ်မြေအတိုင်း ခံစားနိုင်ရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူခေတ်သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ဘောဘောကြီးဘုရားအပါအဝင် နေရာလေးခုမှ ရှုခင်း (Landscape) များကို အဆင့်မြှင့်တင်နေကြောင်း ဇုန်တာဝန်ခံ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ်အသိအမှတ်ပြုရန် စာရင်းတင်သွင်း ထားသည့်ပုဂံဒေသရှိ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ စုစည်းထားသည့် “နှလုံးသားထဲက ပုဂံ” ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ကျင်းပလျက်ရှိသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်းသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် အနည်းငယ် လျော့နည်းခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာပြတိုက်မှ ဦးစီးအရာရှိ ဒေါ်ခင်မာအောင်က ပြောကြားသည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် တရုတ်နိုင်ငံမှ ပညာရှင်အဖွဲ့နှင့်ပူးပေါင်း၍ ဧပြီလ ၁ ရက်မှ ၁၀ ရက်အထိ သုတေသနလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောကြားသည်။
ပုပ္ပားတောင်နှင့် အနီးတစ်ဝိုက်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လွန်ခဲ့သည့် နှစ်သန်းပေါင်း တစ်သန်းခွဲမှ တစ်ဆယ့်ငါးသန်းကြားတွင် အုပ်စုလိုက်သေဆုံးခဲ့သည်ဟု ယူဆရသော ရှေးဟောင်းဆင်များ၏ အရိုးများ ဖေဖော်ဝါရီ လဆန်းပိုင်းက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ပုပ္ပားတောင် ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး လှူဒါန်းထားပြီး ဘာသာစကားသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းစာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင် မဝင်ကို ယခုလကုန်ပိုင်းတွင် သိရမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ပုဂံဒေသသည် ရှေးအဆက်ဆက်မှ ဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှု အစဉ်အလာများ ထွန်းကားသည့်နယ်မြေ စသည့်စံနှုန်းများနှင့် ပိုင်ဆိုင်သည့်ဒေသအဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလအတွင်း တင်သွင်းရန် စီစဉ်ထားကြောင်း
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ယူနက်စကို ဝင်နိုင်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ရာ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ရောက်ရန် နှောင့်နှေးမှု ရှိ မရှိကို ပြောရန် စောသေးကြောင်း