News

POST TAGGED AS

ကမ်းခြေ

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ရန်ကင်းစံရာကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး သဘာဝသဲသောင်ပြန့်တွင် ညောင်ချောင်းသာအပန်းဖြေကမ်းခြေကို ဇန်နဝါရီလ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
ထားဝယ်ဒေသတွင် ခရီးသည်လည်ပတ်မှုအများဆုံး ကမ်းခြေတစ်ခုဖြစ်သော မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်ရှင်များက ကမ်းနဖူးတစ်လျှောက် ပလတ်စတစ်အမှိုက်ပုံး အလုံး ၈၀ ခန့် ကိုယ်ထူကိုယ်ထ ချထားလိုက်ပြီ ဖြစ်သည်။
ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်သည် စနေ၊ တနင်္ဂနွေနှင့်ပါ တစ်ဆက်တည်းဖြစ်ကာ ပိတ်ရက် ငါးရက်ဖြစ်၍ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေ လာရောက်သူ ယခင် နှစ်ထက် နှစ်ဆခန့် ပိုများပြီး ကမ်းခြေ ဟိုတယ် အားလုံး အခန်းမှာယူ၍ မရတော့ကြောင်း ချောင်းသာကမ်းဒေသ ဟိုတယ်ဇုန် လုပ်ငန်းအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးသာဦးက ပြောကြားသည်။
အာရှနိုင်ငံများရှိ ကမ်းခြေများအနက် အလှဆုံး ကမ်းခြေများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည့် ငပလီကမ်းခြေကို အမှိုက်ကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ကမ်းခြေခရီးသွား လုပ်ငန်းရှင်များနှင့် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။