News

POST TAGGED AS

ကမ်းပါးပြို

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း မြစ်ရေတိုက်စားသည့်အတွက် မြစ်ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပေါ်နေရာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် ၄ ဆကျော်မြင့်တက်ကြောင်း ယင်းတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံမှ သိရသည်။
13-Sep-2018 tagged as ကမ်းပါးပြို
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် မဏိပူရ်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျကာ နေအိမ်များဖျက်ပြီး ပြောင်းရွှေ့ရမည့်အရေးနှင့် ရင်ဆိုင်နေရသည့်အတွက် ကမ်းပါးမပြိုကျရေး ရွာသူရွာသားများစုပေါင်းအင်အားဖြင့် ကမ်းထိန်းနံရံ ပြုလုပ်လျက်ရှိကြောင်း မြောက်စည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသိန်းက ပြောကြားသည်။
တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် စက်တင်ဘာလ ၁ ရက်မှစ၍ ဒေသခံ ၁၀၀၀ ကျော် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရကြောင်း ကျေးရွာရပ်မိရပ်ဖများက ပြောသည်။
မြစ်သာမြစ် ကမ်းပါးဆက်တိုက်ပြိုကျနေခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ အိမ်ခြေ ၆၀ ကျော်မှ လူပေါင်း ၂၅၀ ကျော်သည် ရွှေ့ပြောင်းရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း တောင်ဦးကျေးရွာတာဝန်ခံ ဦးကျော်ကျော်လင်းက ပြောကြားသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောင်ကမ်းပါးယံပြိုကျမှုကြောင့် လူ ၂၀ ကျော်ဒဏ်ရာရပြီး ရေမဆေးကျောက်ရှာဖွေသူ အများအပြား သေဆုံးနိုင်ကြောင်း ယင်းဒေသခံများက ပြောကြားသည်။
ပုပ္ပားတောင်ကလပ်အနီးရှိ ဝေဘူလကျောင်းနေရာတွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အက်ကြောင်းများဖြစ်ပေါ်ခဲ့ပြီး ကမ်းပါးနံရံပြိုကျခဲ့ကြောင်း ပုပ္ပါးတောင်ချစ်သူများအသင်းထံမှ သိရသည်။
ရခိုင်ကိုဝင်ရောက် တိုက်ခတ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး ချောင်းရေတိုက်စားခဲ့မှုကြောင့် ပန်းတောင်း မြို့နယ်၊ ခုံကြီးကျေးရွာအတွင်း ကမ်းပါးပြို၍ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့ရန် လိုအပ်နေကြောင်း ကျေးရွာဒေသခံများက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပိုးစာကုန်ကျေးရွာတွင် ယနေ့(ဇူလိုင်လ ၂၀ ရက်နေ့) နံနက်က ချင်းတွင်းမြစ်ကမ်းပါးပြိုကျရာ ရွှေနှလုံးသား နာရေးကူညီမှုအသင်းက တည်ဆောက်ထားသည့် နှစ်ထပ် အဆောက်အအုံတစ်လုံးနှင့် နိဗွာန်ယာဉ်တစ်စီး ရေထဲမျောပါနစ်မြုပ်ခဲ့ကြောင်း ပိုးစာကုန်ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးချမ်းကိုက ပြောကြားသည်။
ဧရာဝတီမြစ်ကမ်းပါး ပြိုတာတွေရှိသလို ပဲခူးတိုင်းထဲက စစ်တောင်းမြစ်မှာလည်း ကမ်းပါးပြိုလို့ ရွာနှစ်ရွာလောက်ဟာ ဒုက္ခရောက်နေရပါတယ်။