News

POST TAGGED AS

ကချင်

25-Dec-2017 tagged as ကချင်
ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် လက်နက်ကြီးကျရောက်မှု ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း ဒေသခံများနှင့် အရပ်ဘက် လူမှုအဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး စစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြသော ကလေးငယ်များအတွက် အနွေးထည်နှင့် အဝတ်အထည်များ လုံလောက်မှု မရှိကြောင်း ယင်းစခန်း နေထိုင်သူများထံမှ သိရသည်။
17-Dec-2017 tagged as KIO ကချင် KIA
ကချင်ပြည်နယ် ဖားကန့်နှင့်မန်စီ မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ် လွှတ်တော်ရိပ်သာ၌ နေထိုင်ကြသော ကိုယ်စားလှယ်များအနေနှင့် အလေးသွားပြီးပါက ရေဆွဲချရန်အပါအဝင် စည်းကမ်းချက် ၂၃ ချက်ကို ကျေနပ်မှုမရှိ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်လျက်ရှိကြောင်း ကိုယ်စားလှယ်အချို့က The Voice သို့ ပြောကြားသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဗန်းမော်မြို့တွင်းလမ်း၊ ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်မည့် လမ်းပိုင်းများတွင် လမ်းပေါ်ရောက်နေသည့် ကုက္ကိုလ်ပင် အပါအဝင် အပင်ပေါင်း ၁၂၀ ကို ခုတ်ထွင်ဖယ်ရှားရမည်ဖြစ်ကြောင်း ဗန်းမော်မြို့နယ် စည်ပင်သာယာ ကော်မတီရုံးမှ သိရသည်။
05-Dec-2017 tagged as ဆန် ကချင်
မြန်မာ့ဆန် အဓိက ဝယ်လက်ဖြစ်သော တရုတ်က တရားဝင် ခွင့်မပြုထားသည့်အတွက် ယင်းအစိုးရက ယခုရက်ပိုင်းအတွင် မူဆယ်နှင့် လွယ်ဂျယ် ကုန်သွယ်စခန်းများမှ တင်ပို့သည့်ဆန်များကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ယင်းကုန်စည်ဈေးကွက်များ အေးစက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။
05-Sep-2017 tagged as ကချင် H1N1
ကချင်ပြည်နယ်တွင် H1N1 ရောဂါပိုးရှိသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး တွေ့ရှိရသဖြင့် ဆေးကုသမှုပေးလျက်ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲတို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ၈၀ဝ ကျော်အထိရှိလာပြီး ၎င်းတို့နေထိုင်ရန် အဆောက်အအုံများ လိုအပ်ကြောင်း လက်ရှိနေထိုင် ခွင့်ပြုထားသူများထံမှ သိရသည်။
ကချင်ပြည်နယ် မိုးမောက်မြို့ မြို့မဈေးအနီးရှိ GREAT လက်ဖက်ရည်ဆိုင်ရှေ့တွင် ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၉ နာရီခန့်က ဆိုင်ကယ်တစ်စီး ရုတ်တရက် ပေါက်ကွဲမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိပြီး နှစ်ဦးမှာ စိုးရိမ်ရ အခြေအနေ ရှိနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
23-Jun-2017 tagged as ကချင်
ကချင်ပြည်နယ် တနိုင်းဒေသ အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် တစ်စုံတစ်ရာ ရိုက်ခတ်လာနိုင်ကြောင်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကြေညာချက် ထုတ်ပြန်သည်။