News

POST TAGGED AS

ကချင်

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်း၌ ကချင်လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး အဓိက လမ်းမကြီးရှိ တံတားအချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာ ပူတာအိုမြို့နယ်အတွင်း ဓာတ်ဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ဆက်သွယ်ထားသောလမ်းကြောင်းကို ဖျက်ဆီးခဲ့ပြီး လမ်းလုပ်သားများအား ဖမ်းဆီးထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
30-Jan-2018 tagged as ကချင်
ကချင်ပြည်နယ် တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း KIA အကောက်ခွန်ဂိတ်နှင့် စခန်းငယ်တစ်ခုကို တပ်မတော်က သိမ်းပိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
30-Jan-2018 tagged as ကချင်
ကချင်ပြည်နယ် တနိုင်းဒေသရှိ ဇီးဖြူကုန်း ပယင်းမှော်နှင့် ယင်းမှော်အနီး တစ်ဝိုက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်မိနေသော ဒေသခံမှော်လုပ်သား ၃၄၀၀ ဦးကို တပ်မတော်က ကယ်ဆယ်သွားမည်ဖြစ်ကြောင်း ယင်း ပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
29-Jan-2018 tagged as ကချင်
တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ဇီးဖြူကုန်း ပယင်းမှော်တွင် ဒေသခံပြည်သူ ထောင်နှင့်ချီ ပိတ်မိနေကြောင်း အဆိုပါဒေသ လူမှုအဖွဲ့များထံမှ သိရသည်။
21-Jan-2018 tagged as ဖားကန့် ကချင်
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်း အုပ်စုတွင် ယမန်နေ့ညက EVER ကျောက်လုပ်ကွက်မှ စွန့်ပစ်မြေစာများ အခြားလုပ်ကွက်အတွင်းသို့ ပြိုဆင်းရာမှ လူသေဆုံးမှုများရှိပြီး လက်ရှိတွင် အလောင်းငါးလောင်း ဖော်ယူနိုင်ပြီဖြစ်ကြောင်း ကုဋေကျေးရွာ ရာအိမ်မှူး ဦးဇော်ထွန်းက ဇန်နဝါရီလ ၂၁ ရက် ညနေ ၆ နာရီက အတည်ပြု ပြောကြားသည်။
ကချင်ပြည်နယ်အခြေစိုက် ကချင်တိုင်းရင်းသားပါတီ သုံးပါတီကို ပူးပေါင်း၍ ပါတီသစ်တစ်ခုကို တည်ထောင်သွားရန် သဘောတူခဲ့ပြီဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်များထံမှ သိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ ရော်ဘာစိုက်တောင်သူများအနေနှင့် မြန်မာစိုက်ပျိုးစရိတ်ချေးငွေများ ရရှိရန် လိုအပ်နေကြောင်း မနောရွှေဖြူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ခရိုင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်ရေး ကော်မတီရုံးတွင် ဇန်နဝါရီ ၉ ရက်မှစတင်ကာ ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီအသစ်ကို ရွေးချယ်ခဲ့သည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ရှိ လွယ်ဂျယ်ပြည်သူ့ဆေးရုံ ကုသရေးဦးစီးဌာန (ကျန်းမာရေး) ၏ ဝန်ထမ်းအိမ်ယာကို သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၇ ရက်က ဆောက်လုပ်ခွင့်ရ ကုမ္ပဏီ SUT FAMILY GROUP CO.,LTD. ထံမှ သိရသည်။