News

POST TAGGED AS

ကချင်

ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြား ပိတ်မိနေသူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်လူငယ်များပါဝင်သည့် လူအင်အားတစ်ထောင်ကျော်သည် မေလ ၃ ရက်နေ့က မြစ်ကြီးနားမြို့၊ ဆွမ်ပရာဘွမ်လမ်း၊ ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် နမ္မတီးမြို့၊ လမ်းခွ ကျေးရွာအတွင်းရှိ ဘာသာရေးကျောင်းများတွင် ရောက်ရှိခိုလှုံနေသော ကဆုန့် နှင့် ဇွပ်မိုင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒေသခံများတွင် နှာစေး၊ ချောင်းဆိုးရောဂါများဖြစ်နေခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ယင်းစစ်ဘေးရှောင်စခန်းထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြားပိတ်မိနေသော ဒေသခံပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကချင်လူငယ် ၃၀၀ ခန့်က မေလ ၃ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့တွင် ကာလရှည် သပိတ်စခန်း ဖွင့်မည်ဖြစ်ကြောင်း ကချင်လူငယ် သပိတ်စခန်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
တိုက်ပွဲကြား ပိတ်မိနေသော ဒေသခံ ၂၀၀၀ ကျော် ဘေးကင်းရာ ပို့ဆောင်ပေးရေးအတွက် ကချင်ဒေသခံ လူငယ် ၃၀၀ ခန့်က သပိတ်စခန်းဖွင့်ရန် ဧပြီလ ၃၀ ရက် ညနေပိုင်းက တောင်းဆိုခဲ့ရာ ပြည်နယ်အစိုးရက ခွင့်မပြုကြောင်း သပိတ်စခန်းဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
29-Apr-2018 tagged as ကချင်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ တိန်းသော်ကျေးရွာတွင် ဧပြီလ ၂၇ ရက်က ရွာလုံးကျွတ် ရိုးရာ ရွာရှင်ပူဇော်ပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဦးက ပြောသည်။
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့အကြား ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ယင်းမြို့နယ်ရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ တစ်ထောင်ကျော်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်နေကြောင်း ယင်းကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ယနေ့ (ဧပြီလ ၂၅ ရက်) နံနက် ၆ နာရီခွဲအချိန်ခန့်က နမ္မတီးဘူတာနှင့် မရမ်းဘူတာကြား မိုင်တိုင်အမှတ် ၆၉၂/၂၄ နှင့် ၆၉၃/၁ ကြား ပိန်းချောင်း မီးရထားသံလမ်းကူးတံတားတွင် ကားရထားနှင့်ဆိုင်ကယ်တစ်စီး တိုက်မိခဲ့၍ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
၁၉၉၂ ခုနှစ် ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်၌ အဓိကပါဝင်ခဲ့သူ ကိုသံချောင်းကို မြန်မာပြည် မြောက်ပိုင်းကျောင်းသား ရဲဘော်များနှင့် နစ်နာခဲ့သူများက အမှန်တရားကို ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနှင့် တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တင်ရန် ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
ကချင်ပြည်နယ်ရှိ အသေးစားရွှေလုပ်ငန်း၊ လုပ်ကွက်များကို ဒေသခံများ လုပ်ကိုင်နိုင်စေရန် ဥပဒေကြမ်းရေးဆွဲကာ တင်ပြထားပြီး ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောကြားသည်။