News

POST TAGGED AS

ကချင်ပြည်နယ်

ကချင်အထူးဒေသ (၁) ရှိ ချီဖွေငယ် ဓာတ်အားပေးစက်ရုံ ပြုပြင်နေစဉ်ကာလအတွင်း မြစ်ကြီးနားမြို့၌ ပုံမှန်မီးအားထက် လျော့နည်းနိုင်သည့်အပြင် အချို့နယ်မြေများတွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်နိုင်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဖြန့်ဖြူးရေးဌာနထံမှ သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက် နေ့ မွန်းလွဲ၂ နာရီခန့်က ဖြစ်ပွားခဲ့သည့် တောင်ကမ်းပါးယံပြိုကျမှုမှ မြေပိကာ သေဆုံးသည့် ရုပ်အလောင်းသုံးလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ယင်းမြေပြိုမှု ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကမ်းပါးယံပြိုကျမှုကြောင့် မြေပိကာပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် မြေပြင်အနေအထားအရ ဆက်လက်ရှာဖွေခြင်းမပြုဘဲ အပြီးရပ်ဆိုင်းထားကြောင်း ကူညီဆောင်ရွက်နေသည့် အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။