News

POST TAGGED AS

အင်းစိန်အကျဉ်းထောင်

တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အမေအိမ်ခြံ၌ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများက အင်းစိန်ထောင်တွင်း သပိတ်တိုက်ပွဲ ၂၇ နှစ်ပြည့် စကားဝိုင်း ကျင်းပခဲ့ကြောင်း စီစဉ်သူ ဦးသက်ဦးက ပြောကြားသည်။
...အတန်းပညာရေး လုံးဝမရှိဘဲနှင့်လည်း အသိပညာကို ရရှိလာမည် မဟုတ်ပါ။ ယုတ်စွအဆုံး ဘုန်းကြီးကျောင်းသားဘဝကို မဖြတ်သန်းဖူးဘဲနှင့်လည်း အသိပညာကို အလိုအလျောက် ရရှိလာမည် မဟုတ်ပါ။ ဖိုးရာဇာလို ပါရမီရှင် ပညာရှိမျိုး ဆိုသည်ကလည်း လူသိန်းပေါင်းများစွာတွင် တစ်ဦးရှိဖို့ မလွယ်ပါ။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် အကျဉ်းကျ ကျောင်းသားများအနေနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ရန် ကြိုးစားပါက လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အလမ်း ရရှိနိုင်မည်ဟု အားပေးထားကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။
အင်းစိန်ထောင်တွင် နေရာကျပ်တည်းမှုကြောင့် ယခုနှစ် ခုနစ်လအတွင်း ပြည်နယ်နှင့်တိုင်းရှိ အလုပ်စခန်းနှင့် ကုန်ထုတ်စခန်းများသို့ အကျဉ်းသား တစ်ထောင်ခန့် လွှဲပြောင်းခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ယခုပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်းကျ ကျောင်းသားကိုးဦးကို ဇူလိုင်လ ၁၅ ရက်တွင် ဂုဏ်ပြုမည် ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ထောင်ပိုင် ဦးမျိုးဦးက ပြောကြားသည်။
အင်းစိန်အကျဉ်းထောင်တွင်းရှိ အလယ်တန်းကျောင်းခွဲတွင် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဒသမတန်းအထိ အကျဉ်းကျ ကျောင်းသား ၁၀၀ ကျော် ပညာသင်ယူနေကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရှိရသည်။
“မူးယစ်ဆေး ခိုးသွင်းတာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေထက် အချုပ်သားတွေ အများဆုံး ကျူးလွန်ကြတယ်”
အင်းစိန် အကျဉ်းထောင်မှ တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် အကျဉ်းကျကျောင်းသားများတွင် အင်္ဂလိပ်စာဘာသာရပ် အားနည်းနေခြင်းကြောင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ရှစ်ဦးက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် အနီးကပ် လာရောက် သင်ကြားပေးလျက်ရှိကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ရန်ကုန်တိုင်းရှိ အလုပ်စခန်း၊ တရားရုံးနှင့် ရဲစခန်းများရှိ အချုပ်ခန်းပေါင်း တစ်ရာကျော်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်စေရန် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ အဆိုပါ နေရာများကို စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
"တခြားအကျဉ်းထောင်တွေက အဲဒီပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဆေးရုံတွေမှာ ကုသလို့မရတော့ဘူး။ ကုသပေးဖို့အတွက် စက်ပစ္စည်းတွေ မပြည့်စုံဘူးဆိုရင် ဒီကိုလွှဲပြောင်း ပို့ပေးပါတယ်"