News

POST TAGGED AS

ဟစ်ဟော့ပ် အဆိုတော်

ကနေဒါရဲ့ အအောင်မြင်ဆုံး အယ်လ်ဘမ်ဆုကို ကေထရာနာဒါ ဆွတ်ခူး

ကနေဒီယန် ဟစ်ဟော့ပ် အဆိုတော် ကေထရာနာဒါဟာ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ 99% ဆိုတဲ့ အယ်လ်ဘမ်နဲ့တင် ၂၀၁၆ ခုနှစ်အတွက် ကနေဒါရဲ့ အအောင်မြင်ဆုံး အယ်လ်ဘမ်ဆုဖြစ်တဲ့ Polaris Music Prize ဆုကို ရရှိသွားခဲ့ပါတယ်။

သီချင်း ၁၅ ပုဒ် ပါဝင်ပြီး ထူးခြားတဲ့ တီးခတ်မှုတွေနဲ့ တင်ဆက်ထားတဲ့ ကေထရာနာဒါရဲ့ 99% အယ်လ်ဘမ်ဟာ ကနေဒါ ပရိသတ်တွေအကြား ရေပန်းစားခဲ့ကာ အခုလို Polaris Music Prize ကို ဆွတ်ခူး သွားခဲ့တာပါ။

Polaris Music Prize ဆိုတာ နှစ် တစ်နှစ်ထဲမှာ ကနေဒါနိုင်ငံရဲ့ အောင်မြင်မှု အရဆုံး တေးဂီတ အယ်လ်ဘမ်တွေအတွက် ချီးမြှင့်တဲ့ဆု ဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၅၀၀၀၀ ရရှိနိုင်တဲ့ ဆုလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဟစ်ဟော့ပ် အဆိုတော် အတွက်တော့ ဒီဆုက ဂုဏ်ယူစရာ တစ်ခု ဖြစ်လာခဲ့ပြီး ဆုရရှိတဲ့အတွက် အရမ်း အံ့အား သင့်ခဲ့ရတယ်လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသား သွားခဲ့ပါတယ်။

Ref : Dailymail



FOLLOW US