News

POST TAGGED AS

ပညာသင်ဆု

23-Jul-2017

ပညာသင်ဆု
American University Emerging Global Leader Scholarship

ပေးအပ်မည့်ဘွဲ့မှာ Bachelors Degree ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့/ ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပညာသင်ဆုကို လျှောက်ထားရမည်ဖြစ်သည်။ သင်တန်းကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် စတင် တက်ရောက်ရမည် ဖြစ်သည်။

Positive Civic နှင့် Social Change အတွက် အမေရိကန် ပြည်ထောင်စုတွင် လာရောက်ပညာသင်ယူပြီး ဘွဲ့တစ်ခုပေးရန် ဤပညာသင်ဆုကို သတ်မှတ်ထားရခြင်း ဖြစ်သည်။ အမေရိကတွင် ပညာသင်ယူပြီးနောက် မိမိတို့ နိုင်ငံသို့ပြန်ပြီး လူ့ဘောင် အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပညာသင်ဆု ရွေးချယ်ခြင်းခံရလျှင် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ၊ American University တွင် တက်ရောက် ပညာသင်ကြားခွင့် ရမည်ဖြစ်သည်။ ထိုတက္ကသိုလ်က ပေးအပ်မည့် မည်သည့်ဘွဲ့ အမျိုးအစားကိုမဆို တက်ရောက် သင်ယူနိုင်ပါသည်။ ရွေးချယ်မည့်ဦးရေမှာ တစ်ဦးသာ ဖြစ်သည်။
အမေရိကန်နိုင်ငံသား မဟုတ်သူများ၊ အမေရိကတွင် အမြဲတမ်း နေထိုင်ခွင့်ရထားသူများ၊ နှစ်နိုင်ငံသားအဖြစ် ခံယူထားသူများကလွဲပြီး နိုင်ငံတကာမှ ပညာလိုလားသူတိုင်း လျှောက်ထားနိုင်ပါသည်။

American University Emerging Global Leader Scholarship အစီအစဉ်သည် American University ၏ အစီအစဉ်ဖြင့် ပေးအပ်ချီးမြှင့်မည့် ဘွဲ့ဖြစ်ပါသည်။ ကျူရှင်ခ၊ နေထိုင်ခများ ထောက်ပံ့ ချီးမြှင့်ပေးမည်ဖြစ်သည်။ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၀ဝ၀ ခန့်သာ ရမည်ဖြစ်ပြီး ကျန်းမာရေး စရိတ်၊ စာအုပ်ဖိုး၊ လေယာဉ် လက်မှတ်ခများအတွက် လုံလောက်သည့် ထောက်ပံ့ကြေး မဖြစ်နိုင်ကြောင်း ပြောထားသည်။ ပညာသင်နှစ် လေးနှစ်အတွက် နှစ်တိုင်း ထောက်ပံ့ကြေးကို ပြန်လျှောက်ရမည်ဖြစ်သည်။ ပညာရည် စွမ်းဆောင်ချက် ကျေနပ်မှသာ ထပ်မံ ထုတ်ပေးမည်ဟုလည်း ဆိုထားသည်။

လျှောက်ထားသူများသည် -

- စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အဖိနှိပ်ခံ ပြည်သူများကို ဦးစားပေးမည်ဖြစ်သည်။

- ၉ တန်းမှ ၁၂ တန်းအဆင့်ကို အနိမ့်ဆုံး GPA 3.8 ရရှိထားသူများ သို့မဟုတ် အထက်တန်းအဆင့် အောင်မြင်ခြင်းအဆင့် ၁၀ ရာခိုင်နှုန်းနှင့်အထက် ရရှိထားသူများ ဖြစ်ရမည်။

- မိမိနိုင်ငံအတွင်း ခေါင်းဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်း လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများတွင် ကိုယ်တိုင် ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့သူများဖြစ်ရမည်။

- TOEFL iBT 95, IELTS 7.0 သို့မဟုတ် TOEFL (paper-based) 600  ရရှိထားသူများ ဖြစ်ရမည်။

- အမေရိကန်ပြည်ထောင်စု သို့မဟုတ် မိမိတိုင်းပြည်များရှိ တက္ကသိုလ် တစ်ခုခုတွင် လက်ရှိတက်ရောက် ပညာသင်ကြားနေသူများ မဖြစ်ရပါ။

လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၅ သို့မဟုတ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ နောက်ဆုံးထားပြီး လျှောက်ထားကြရမည် ဖြစ်ပါသည်။

အသေးစိတ်ကို အောက်ပါ Website များထဲတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

>>> http://www.american.edu/admissions/international/egls.cfm
>>> http://www.scholars4dev.com/6499/scholarships-in-usa-for-international-students/

E-01



FOLLOW US