News

POST TYPE

SUMMER SPECIAL

ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်း ၇ ခုကို ကန်ဒေါ်လာ တစ်သိန်းခွဲကျော်တန်ဖိုး ကူညီထောက်ပံ့မည်
25-Oct-2017
ရန်ကုန်၊ အောက်တိုဘာ ၂၄

ပြည်တွင်း စွန့်ဦးတီထွင် လုပ်ငန်းများကို ကူညီပံ့ပိုးမှုများ လုပ်ဆောင်နေသော ဖန်တီးရာအဖွဲ့အစည်းက ဒုတိယအကြိမ်မြောက် Accelerator အစီအစဉ်တွင် ပါဝင်ရမည့် ပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်း ၇ ခုကို အမေရိကန် ဒေါ်လာ ၁၇၅,ဝဝဝ ကျော်တန်ဖိုးရှိ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။

၂၀၁၇ ခုနှစ်အတွက် Accelerator အစီအစဉ်တွင် နည်းပညာနှင့်ဆက်နွှယ်သည့် စွန့်ဦးတီထွင် လုပ်ငန်းအဖွဲ့ ၄၈ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်မြို့မှ လူငယ်အဖွဲ့ ငါးဖွဲ့နှင့် မန္တလေးမြို့မှ လူငယ်အဖွဲ့ နှစ်ဖွဲ့တို့ကို အပြီးသတ် ရွေးချယ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။

အဆိုပါ အစီအစဉ်တွင် ရွေးချယ်ခံရသည့် အဖွဲ့များသည် ကုမ္ပဏီတစ်ခု တည်ထောင်နိုင်ရန်နှင့် လုပ်ငန်းခွင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ပညာရှင်များက ခြောက်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ ယင်းအပြင် ရင်းနှီးမြှုပ်နှံရန် ကန်ဒေါ်လာ နှစ်သောင်းခွဲနှင့် ပြည်တွင်း၊ ပြည်ပရှိ အစုရှယ်ယာ ထည့်ဝင်လိုသည့် လုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်ခွင့် ရရှိမည်ဖြစ်သည်။

ယခု ဒုတိယအကြိမ်တွင် ရွေးချယ်ခံခဲ့ရသော စွန့်ဦးတီထွင်လုပ်ငန်း ၇ ခုမှာ ကုန်စည် ပို့ဆောင်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေးနှင့် စွန့်ပစ်ပစ္စည်းများအား ပြန်လည် သန့်စင်သည့်လုပ်ငန်းများ ပါဝင်ပြီး ယင်းအထဲမှ လုပ်ငန်းလေးခုမှာ အမျိုးသမီးများက ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းများဖြစ်ကြောင်း ဖန်တီးရာထံမှ သိရသည်။

ဖန်တီးရာအဖွဲ့သည် နည်းပညာနှင့် ဆက်နွှယ်သည့် စွန့်ဦးတီထွင်လုပ်ငန်းငယ်များကို မြေတောင် မြှောက်ပေးသည့် ပထမအကြိမ် Accelerator အစီအစဉ်တွင် ပြည်တွင်းလုပ်ငန်းငယ် လေးခုကို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများနှင့် အသိအမှတ်ပြုခြင်းများ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

J-01


  • VIA