03-Mar-2018
မြန်မာနိုင်ငံတွင် ကျောင်းရာသီတစ်နှစ် ကုန်တော့မည်ဖြစ်သည်။ ကျွန်တော် နေ့စဉ် သတင်းစာယူနေသည့်ဆိုင်မှ ကလေးမလေးက ယခုနှစ်တွင် ၉ တန်း ဖြေထားသည်။ သူ့ကို ကျောင်းပိတ်ပြီ ဘာလုပ်မည်နည်းဟု မေးကြည့်မိသည်။ သူက ၁၀ တန်းကျူရှင်ဆက်တက်မည်ဟု ဖြေသည်။ ကျောင်းမှ မဖွင့်သေး ကျူရှင်ကို ကြိုပြေးနေပြီ။ မောလိုက်ရသည့် မြန်မာ့ပညာရေးစနစ်။ အတန်းကြီးတွေသာမဟုတ်။ အတန်းငယ်လေးတွေအတွက်လည်း နွေရာသီသင်ရိုးကုန်သင်တန်းဆိုကာ ကြော်ငြာတွေ လိုက်ကပ်နေသည်ကို တွေ့ရသည်။