News

21-May-2019
ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြအပြောင်းအလဲဖြစ်လာရန် နီးစပ်မှုများရှိနေပြီဖြစ်ပြီး ချယ်လ်ဆီး၏နည်းပြသစ်လျာထားစာရင်း ထိပ်ဆုံးနေရာတွင်ရှိနေသူမှာ အသင်းကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဖြစ်သည်
21-May-2019
ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းနည်းပြသစ်အဖြစ် ၎င်းနှင့်အတူ ရီးရဲလ်မက်ဒရစ်ထံတွင် လက်တွဲအလုပ်လုပ်ခဲ့ဖူးသော နည်းပြမော်ရင်ညိုကို ခေါ်ယူခန့်အပ်ရန် အသင်းတာဝန်ရှိသူများကို အကြံပြုတိုက်တွန်းလိုက်ကြောင်
21-May-2019
ဘိုလီးဗီးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Always Ready နှင့် Oriente Petrolero's တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တစ်ခုတွင် ကွင်းလယ်ဒိုင်ဖြစ်သူ ဗစ်တာဟူဂိုဟာတာဒိုဟု အမည်ရှိသည့် ဘိုလီးဗီးယားဒိုင်လူကြီးတစ်ဦး ယင်းပွဲစဉ်ကို ကြီးကြပ်နေစဉ်အတွင်း ရုတ်တရက် လဲကျသေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
19-May-2019
မန်စီးတီးအသင်းခေါင်းဆောင် ဗင့်ဆင့်ကွမ်ပနီဟာ လာမယ့်နွေဈေးကွက်ဖွင့်ရင် အသင်းကနေ ထွက်ခွာသွားတော့မယ်လို့ မန်စီးတီးက သတင်းထုတ်ပြန်လိုက်ပါတယ်။
19-May-2019
ပေါ်တူဂီကလပ် ပေါ်တိုအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းနေသော ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်း ကာဆီးလက်စ်သည် ၎င်းအနေနှင့် ဘောလုံးကစားသမားဘဝဖြတ်သန်းမှုကို အဆုံးသတ်၍ အနားယူတော့မည်ဟု သတင်းများထွက်ပေါ်နေခြင်းမှာ သတင်းမှားများသာဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
18-May-2019
ဂျူဗင်တပ်အသင်းသည် လက်ရှိ ဘောလုံးရာသီ ပြီးဆုံးချိန်တွင် အသင်းနည်းပြ အယ်လ်လီဂရီနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီဖြစ်ကာ လက်ရှိတွင် ဂျူဗင်တပ်နည်းပြသစ် ဖြစ်လာရန် ထိပ်ဆုံးနေရာက ရေပန်းစားနေသည်မှာ ပိုချက်တီနိုနှင့် ကွန်တီတို့ဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
17-May-2019
စပိန်ဂန္ထဝင်ဂိုးသမား ကာဆီးလက်သည် နှလုံးဝေဒနာကြောင့် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း The Sun သတင်းဌာနက ဖော်ပြလာသည်။ ယခုလ အစောပိုင်းက ကာဆီးလက်သည် နှလုံးဝေဒနာ ရုတ်တရက်ခံစားခဲ့ရပြီးနောက် ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့သည့် ၎င်း၏ ကစားသမားဘဝကို ကျောခိုင်းရန် ယင်းအခြေအနေက ဆုံးဖြတ်ချက်တစ်ခုဖြစ်စေခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ခြင်းဖြစ်သည်။
17-May-2019
ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အောင်မြင်မှုများရရှိခြင်း၏ နောက်ကွယ်က အရသာသည် လူတစ်ဦးတစ်ယောက်အပေါ်တွင် စွဲလမ်းစေတတ်သည့် သဘောမျိုးကို ဖြစ်စေတတ်ကြောင်း ဖွင့်ဟပြောကြားကာ ဝက်ဖို့ဒ်အသင်းနှင့် အက်ဖ်အေဖလား ဖိုင်နယ်တွင် နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်မံယူပြမည့် သဘောမျိုးကို သွယ်ဝိုက်ပြောကြားလိုက်သည်။
16-May-2019
မန်ယူနည်းပြဟောင်း မော်ရင်ညိုသည် အသင်းလက်ရှိနည်းပြ ဆိုးလ်ရှားမှာ ကြိုးဆွဲရာ ကရမည့် ရုပ်သေးရုပ်ဘဝသို့ ရောက်သွားခဲ့ပြီဟု မှတ်ချက်ပေးအပ်လိုက်ပြီး လက်ရှိအခြေအနေများအရ ဆိုးလ်ရှား၏အဆုံးသတ်မှာ လှပနိုင်လိမ့်မည်မဟုတ်ဟု ၎င်းအနေနှင့် ယူဆမိပါကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
11-May-2019
အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာယန်သည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ရမည့်အရေးအား စိုးရိမ်ပူပန်နေပြီဖြစ်ပြီး အဇာဘိုင်ဂျန် အစိုးရထံမှနေ၍ မစ်ခီတာယန်အတွက် ပြည်ဝင်ခွင့်ဗီဇာ ရရှိနိုင်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ထံ အကူအညီတောင်းရန် စီစဉ်နေပြီဖြစ်ကြောင်
11-May-2019
ဂျူဗင်တပ်အသင်း တာဝန်ရှိသူများသည် အသင်းနည်းပြသစ်အဖြစ် မန်ယူနည်းပြဟောင်း မော်ရင်ညိုကို ခန့်အပ်ရန် ကြိုးပမ်းနေသည်ဟူသော သတင်းများကို ငြင်းဆန်ပယ်ချပစ်လိုက်ပြီး ၎င်းတို့၏ အဓိကပစ်မှတ်မှာ မော်ရင်ညိုမဟုတ်ဘဲ စပါးနည်းပြ ပိုချက်တီနိုသာလျှင်ဖြစ်သည်ဟု ဂျူဗင်တပ်အသင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးက အသိပေးထားကြောင်း Football Italia က ဖော်ပြထားသည်။
11-May-2019
မန်ယူအသင်းသည် အေဂျက်နောက်ခံလူ ဒီလိုက်ကိုခေါ်ယူရန် စီစဉ်ထားသည်များကို ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ပြီး ယင်းသို့ဖျက်သိမ်းလိုက်သည်မှာ ကစားသမားဖြစ်သူအနေနှင့် အနာဂတ်ကာလတွင် အ၀လွန်လာနိုင်ခြေ ရှိသောကြောင့်ဖြစ်သည်ဟု ၎င်းကို စောင့်ကြည့်နေသော ကင်းထောက် မာဆယ်လ်ဘောက်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
10-May-2019
ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ၎င်း၏ချယ်လ်ဆီးကစားသမားဘဝ ဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
10-May-2019
မန်ယူအသင်းသည် ဆာမတ်ဘတ်စ်ဘီဆုဟု အမည်ပေးအပ်မှည့်ခေါ်ထားသည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပေးအပ်ချီးမြှင့်လိုက်ပြီဖြစ်ရာ ၂၀၁၈-၁၉ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ယင်းဆုကို ဆွတ်ခူးရရှိသွားခဲ့သူမှာ လုခ်ရှောဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
10-May-2019
ချန်ပီယံလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည့် ဇွန်လ ၂ ရက်နေ့သည် အစ္စလာမ်ဘာသာဝင်တို့၏ ရာမာဒန်ဥပုသ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် လီဗာပူးအသင်း၏ အဓိကကစားသမားအချို့မှာ ပင်ပန်းနွမ်းနယ်မှုများ ရှိနေနိုင်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသည်ကို နည်းပြ ဂျာဂင်ကလော့ပ်က ငြင်းဆန်ပယ်ချလိုက်သည်။