News

25-Aug-2019
လီဗာပူးအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ရောက်လာခဲ့တဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၈ မတ်လနောက်ပိုင်းပြိုင်ဘက်က စားသမားတွေရဲ့ လိမ်ခေါက်ကျော်ဖြတ်ခြင်းမခံရတာဟာ ပြိုင်ပွဲစုံ ၄၉ ပွဲအထိရှိခဲ့ပါတယ်။
25-Aug-2019
ဗီယက်နမ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်ဖိတ်ခေါ် လေးနိုင်ငံယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
25-Aug-2019
ချဲလ်ဆီး၏ ကျောနံပါတ် ၉ ကစားသမားများအားလုံး ရုန်းကန်ရတတ်သည့် အစဉ်အလာဆိုးရှိသော်လည်း လူငယ်တိုက်စစ်မှူး အေဘရာဟမ်က အဆိုပါအစဉ်အလာကိုချေဖျက်ကာ အသင်းတွင် အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည်ဆက်ရှိနေလိမ့်မည်ဟု အင်္ဂလန်လက်ရွေးစင်ဟောင်းများဖြစ်သည့် ဂျိုကိုးလ်နှင့် ပီတာခရော့ခ်ျတို့ကသုံးသပ်ခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။
25-Aug-2019
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ၂၀၂၀ ကမ္ဘာ့ဖလားအာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲမတိုင်မီ တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန်အတွက် သြဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
25-Aug-2019
အင်္ဂလန်တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်သည် အသက် ၃၇ နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို အဆုံးသတ်လိုက်ပြီဟု Dailymail က ဖော်ပြခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းတွင် လူငယ်ကစားသမားဘ၀ကိုဖြတ်သန်းခဲ့ပြီးနောက် မန်စီးတီးသို့ရောက်လာသည့် ရိုက်ဖိလစ်မှာ ၂၀၀၂ ခုနှစ်တွင် မန်ချက်စတာအခြေစိုက်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သူလည်းဖြစ်သည်။
25-Aug-2019
ပဲလေ့စ်ကို အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် သေချာပေါက်ပင်နယ်တ်ီရလောက်သည့် အခွင့်အရေး ၂ ကြိမ်ကို VAR ပြန်မကြည့်ဘဲ ပယ်ချခဲ့သည့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေး၏ ဆုံးဖြတ်ချက်များကို မန်ယူနည်းပြဆိုးလ်ရှားဝေဖန်ခဲ့ဟု Dailymail က ဖော်ပြခဲ့သည်။
25-Aug-2019
မန်စီးတီးတိုက်စစ်မှူးအဂူရိုမှာ ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပြီး ကစားဖော်အဖြစ်တွဖက်ခဲ့ဖူးသမျှထဲတွင် ဖာမီနိုကအကြီးကျယ်ဆုံးဖြစ်သည်ဟု လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဖွင့်ဟခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဗန်ဒိုက်မှာ လီဗာပူးတွင် ဆာလက်နှင့် မာနေးတို့ကဲ့သို့ တောက်ပသည့် ကစားသမားများရှိသော်လည်း ဖာမီနိုကိုသာ အကောင်းဆုံးအဖြစ် အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့သည်။
24-Aug-2019
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်၂၅ရက်ယနေ့ညနေ၅နာရီ၃၀မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ ကမ္ဘော့ဒီးယားအသင်းအား၁၀-၁ဂိုး၊အင်ဒိုနီးရှားအသင်းအား၇-၀ဂိုးတို့ဖြင့်ဂိုးပြတ်အနိုင်ရခဲ့ဗီယက်နမ်အသင်းအား၎-၀ဂိုးဖြင့်ဂိုးပြတ်ရှူံးနိမ့်ကာ ရမှတ်၆မှတ်အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီးအုပ်စု(က)မှာ ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
24-Aug-2019
ရီးရဲလ်နှင့်အတူအမြင့်ဆုံအောင်မြင်မှုများရယူခဲ့သူ စီရော်နယ်ဒိုက ပေါ်တူဂီလူငယ် ဂျာအိုဖိလစ်မှာစပိန်မြေတွင်မိမိလုပ်ပြခဲ့သည့်အတိုင်း ထပ်တူစွမ်းဆောင်နိုင်လိမ့်မည်ဟုဆိုခဲ့ကြောင်း Football Espana ကဖော်ပြခဲ့သည်။ အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသက် ၁၉နှစ်သာရှိသေးသည့် ဂျာအိုဖိလစ်အတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆သန်းအထိပေးကာခေါ်ယူထားခြင်းဖြစ်သလို အသင်းတွင်အလျင်အမြန်အထိုင်ကျခဲ့သူဖြစ်သည်။
24-Aug-2019
ပရီးမီးယားလိဂ်အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ၀က်ဖို့ဒ်အသင်းကစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၁သန်းဖြင့်ခေါ်ယူခဲ့သော အစ္စမေလာဆားမှာအလွန်မြန်ပြီး ကြောက်စရာကောင်းသည့်ခြေစွမ်း မျိုးပိုင်ဆိုင်ထားသည်ဟု ၄င်း၏ဆီနီဂေါလက်ရွေးစင်ကစားဖော် မာနေးကသတိပေးပြောဆိုလိုက်ကြောင်း Dailymail ကဖော်ပြခဲ့သည်။
24-Aug-2019
ယနေ့ညတွင် ကစားမည့် လီဂါနက်စ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ပွဲစဉ်မှ ညာနောက်ခံလူထရစ်ပီယာ၏ခြေစွမ်းကိုအနီးကပ်လေ့လာရန်အတွက် အင်္ဂလန်နည်းပြဆောက်ဂိတ် စပိန်သို့ရောက်ရှိနေဟု Dailymail ကဖော်ပြခဲ့သည်။ အစောပိုင်းတွင် လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့ပြီးနောက် နည်းပြဆောက်ဂိတ်မှာ ညာနောက်ခံနေရာအတွက် ထရစ်ပီယာ ကိုစောင့်ကြည့်ခေါ်ယူသွားဖွယ်ရှိနေသည်။
24-Aug-2019
ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အက်စ်ပန်ညိုကွင်းလယ်လူ မက်ရိုကာကိုခေါ်ယူရန်သဘောတူညီမှုရယူနိုင်ခဲ့ပြီဟု Dailymail ကဖော်ပြခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် အသက် ၂၂အရွယ်ကွင်းလယ်လူကို စာချုပ်ဖျက်ကြေး ပေါင် ၃၆သန်းပေးကာခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ဘိုင်ယန်ကွင်းလယ်လူဖြစ်သည့် ရီနာတိုဆန်းချက်ဇ်မှာ အသင်းမှထွက်ခွာရန်စီစဉ်နေပြီး ပြင်သစ်ကလပ် လိုင်လီသို့ပြောင်းရွှေ့ရန်ချိတ်ဆက်နေသောကြောင့် မက်ရိုကာကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။
24-Aug-2019
AFC-UEFA Assist Program အရ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ် ဖလား ပြိုင်ပွဲတွင် မြန်မာယူ-၁၅အသင်းအနေဖြင့် အတွေ့အကြုံကောင်းများ ရရှိမည်ဟု နည်းပြချုပ်ဦးမင်းသူ ကပြောသည်။
24-Aug-2019
(၁၀) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC-10) တွင်အဓိကပွဲအဖြစ် မြန်မာ့လက်ဝှေ့ ကျော် သွေးသစ်ဝင်းလှိုင်နှင့် ဂျာမနီလက်ဝှေ့သမား ဘရုလက်တို့ ထိုးသတ်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်သည်။
22-Aug-2019
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ အပြီးသတ်ကစားသမားစာရင်းတွင် ပါဝင်ခွင့်ရရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ဇွဲကပင်အသင်းမှ ကွင်းလယ်တောင်ပံကစားသမား ဇွန်မိုးအောင်က ပြောကြားခဲ့သည်။ ဇွန်မိုးအောင်သည် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲ၊ စက်တက်ဘာ ၅ ရက်တွင် ကစားမည့် မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလားအာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမားစာရင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားတစ်ဦးဖြစ်သည်။