News

07-Nov-2016
မန်စီးတီးအသင်း တိုက်စစ်မှူး အဂူရိုသည် မန်စီးတီးနှင့် မစ်ဒယ်ဘရော့တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်စီးတီး ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း သွင်းဂိုး ၁၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
06-Nov-2016
လက်ဝှေ့လောက အတွင်းသို့ တစ်ကျော့ ပြန်လည် ဝင်ရောက်လာခဲ့သည့် ဖိလစ်ပိုင် လက်ဝှေ့ကစားသမား ပက်ကွီယာအိုသည် အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မြို့တွင် WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံဆု စိန်ခေါ်ပွဲစဉ်အဖြစ် အမေရိကန် လက်ဝှေ့ကစားသမား ဂျက်ဆီဗားဂတ်စ်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အမှတ်ဖြင့် အနိုင် ရရှိကာ WBO ဝယ်လ်တာဝိတ်တန်း ရွှေခါးပတ်ကို ဆွတ်ခူးရယူ သွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
06-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကို လာမည့် ဇန်နဝါရီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်တွင် ရှင်းလင်းရေး လုပ်ငန်းစဉ်အချို့ စတင် ဆောင်ရွက်သွားတော့မည်ဖြစ်ကာ အဆိုပါ ရှင်းလင်းရေး လုပ်ငန်းစဉ်တွင် မန်ယူကို ပထမဆုံး စွန့်ခွာသွားရဖွယ် ရှိနိုင်သူမှာ ကွင်းလယ်လူ ဒီပေးဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
06-Nov-2016
မန်ယူအသင်းသည် ယနေ့(နိုဝင်ဘာလ ၆ ရက်)တွင် ဆွမ်ဆီးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အနိုင်ရလဒ်ကို ရယူနိုင်ခြင်း မရှိခဲ့ပါက ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းကြောင်း တစ်လျှောက် ပွဲစဉ် ၁၁ ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် အနိမ့်ဆုံး အမှတ် ရရှိမှု မှတ်တမ်းဆိုးဖြင့် ရင်ဆိုင်ကြုံဆုံ ရတော့မည်ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
04-Nov-2016
တရုတ်စီးပွားရေး လုပ်ငန်းစု Lander Sports Development Co သည် ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းကို ဝယ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းနေပြီ ဖြစ်ကြောင်း Bloomberg က ဖော်ပြထားသည်။
04-Nov-2016
ငှက်မြန်လေးဟု အမည်ပြောင်ပေးအပ်ခြင်း ခံခဲ့ရသည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်သည် လက်စတာ တိုက်စစ်မှူး ဗာဒီကို ၎င်းကဲ့သို့ အဆုံးသတ်သေချာသည့် တိုက်စစ်မှူးမျိုး မဟုတ်ဟု ဝေဖန်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
04-Nov-2016
ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမီအူသည် တိုက်စစ်မှူး ဆွာရက်ဇ်ကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်စေရေးအတွက် စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
04-Nov-2016
မန်စီးတီးက ဘာစီလိုနာကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် အပြီးတွင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် မန်စီးတီးအသင်း လက်ထောက်နည်းပြ အာတီတာနှင့် စကားအချေအတင် ဖြစ်ခဲ့ကြောင်း စပိန်သတင်းဌာန La Cope က ဖော်ပြထားသည်။
04-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းနှင့် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးသွားပါက စာချုပ်သစ် ထပ်မံချုပ်ဆို၍ မန်ယူထံတွင်သာ နည်းပြဘဝ ဆက်လက်ဖြတ်သန်းခွင့် ရနိုင်ရန် ရည်မှန်းထားပါကြောင်း ဖွင့်ဟပြောကြားလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
03-Nov-2016
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် မန်ယူနည်းပြ မော်ရင်ညိုကို ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် စွဲချက်တင်ကာ တစ်ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ပေါင် ၅၈,၀၀၀ တပ်ရိုက်လိုက်ကြောင်း Sky Sports က ဖော်ပြထားသည်။
03-Nov-2016
တူရကီ ပြည်ထဲရေးဌာနသည် ယနေ့ (နိုဝင်ဘာလ ၃ ရက်) တွင် ဖီနာဘာချီနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားကြမည့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်ကို ကြည့်ရှုရန် တူရကီနိုင်ငံသို့ ရောက်ရှိလာမည့် မန်ယူအသင်း အားပေးသူများကို လက်နက်ကိုင် အစောင့်အရှောက်များ ထားရှိ၍ လုံခြုံရေး စီစဉ်ပေးသွားမည် ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
02-Nov-2016
အာဆင်နယ် အသင်းသည် နည်းပြ အာစင်ဝင်းဂါး လက်အောက်၌ နိုဝင်ဘာလတွင် အမှတ်ရရှိမှု နည်းပါးလေ့ရှိပြီး အာစင်ဝင်းဂါး လက်အောက်တွင် အာဆင်နယ်အသင်း၏ နိုဝင်ဘာလ ပျမ်းမျှ အမှတ်ရရှိနှုန်းမှာ ၁ ဒသမ ၅၉ မှတ်သာ ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
01-Nov-2016
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘလွန်းဒီအော်ဆု အမည်ဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ၂၀၁၆ ခုနှစ်ဆိုင်ရာ စွမ်းဆောင်ရည်မြင့်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားမှ စတင်၍ The Best ဆုဟု အမည်ပြောင်းလဲ မှည့်ခေါ်ပေးအပ်သွားတော့မည် ဖြစ်ကြောင်း BBC က ဖော်ပြထားသည်